Frequently asked questions
Answers about ordering, payment, delivery, returns, pay-later plans and more. Can’t find what you need? Contact our team.
မှာယူခြင်း၊ ငွေပေးချေမှု၊ ပို့ဆောင်ခြင်း၊ ပြန်လည်လဲလှယ်ခြင်း၊ အရစ်ကျဝယ်ယူခြင်း စသည်တို့နှင့် ပတ်သက်သော မေးခွန်းများ။ လိုအပ်သည်ကို မတွေ့ပါက ကျွန်ုပ်တို့အဖွဲ့ကို ဆက်သွယ်ပါ။
Orderingမှာယူခြင်း
How do I place an order?မည်သို့ မှာယူရမလဲ?
Add products to your cart and check out. Your order is confirmed once you click Place Order on the checkout page and receive the order-success email — that day counts as the Date of Sold.
ပစ္စည်းများကို ခြင်းတောင်းထဲထည့်ပြီး Checkout ပြုလုပ်ပါ။ ‘Checkout’ စာမျက်နှာမှာ ‘Place Order’ ခလုတ်ကို နှိပ်ပြီး၊ အော်ဒါအောင်မြင်ကြောင်း အီးမေးလ်ကို ရရှိသည်နှင့် တပြိုင်နက် ပစ္စည်းဝယ်ယူသည့်နေ့ (Date of Sold) အဖြစ် သတ်မှတ်ပါသည်။
Can I cancel my order?အော်ဒါကို ပယ်ဖျက်နိုင်ပါသလား?
Yes. You can cancel under My Account within the first two (2) hours after purchase. ICT may also cancel an order that isn’t paid within three (3) working days, or if we can’t contact you.
ရပါသည်။ ဝယ်ယူပြီးပြီးချင်း ကနဦး ၂ နာရီအတွင်း ‘My Account’ ထဲသို့ ဝင်ရောက်ကာ အော်ဒါကို ပယ်ဖျက်နိုင်ပါသည်။ အော်ဒါတင်ပြီး ၃ ရက်အတွင်း ငွေပေးချေမှု မရှိသေးသော အော်ဒါများ သို့မဟုတ် ဝယ်ယူသူကို ဆက်သွယ်၍ မရပါက အိုင်စီတီမှ ၎င်းအော်ဒါများကို အလိုအလျောက် ပယ်ဖျက်ပါမည်။
Is there an age requirement?အသက်ကန့်သတ်ချက် ရှိပါသလား?
You need to be at least 13 years old to shop on ICT.com.mm, and at least 18 for some categories such as food and beverages.
ICT.com.mm တွင် ဝယ်ယူရန် အသက် ၁၃ နှစ်ပြည့်ပြီး ဖြစ်ရပါမည်။ စားသောက်ကုန်ကဲ့သို့ ကုန်ပစ္စည်းအမျိုးအစားအချို့ကို ဝယ်ယူရန် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရပါမည်။
What if a price or stock level looks wrong?စျေးနှုန်း သို့မဟုတ် လက်ကျန် မှားနေသည်ဟု ထင်ပါက?
Our partners update most prices and stock continuously, but some items are only updated weekly or monthly. If something looks wrong, let us know and we’ll correct it right away.
စျေးနှုန်းနှင့် လက်ကျန်အရေအတွက် အများစုကို အစဉ်မပြတ် ဖော်ပြပေးနေသော်လည်း အချို့ကို အပတ်စဉ် သို့မဟုတ် လစဉ်သာ ပြင်ဆင်နိုင်ပါသည်။ မှားယွင်းမှုတွေ့ပါက အိုင်စီတီသို့ အချိန်မရွေး အကြောင်းကြားပါ။ ချက်ချင်းပြင်ဆင်ပေးပါမည်။
Can I get a quotation for my business or project?လုပ်ငန်း သို့မဟုတ် ပရောဂျက်အတွက် ဈေးနှုန်းတင်ပြချက် ရနိုင်ပါသလား?
Yes. Use Get a quote for products or installation and we’ll send a free quotation, usually within one business day. If it’s urgent, call 09 765 441 707.
ရပါသည်။ ကုန်ပစ္စည်း သို့မဟုတ် တပ်ဆင်ခြင်းအတွက် Get a quote တွင် တောင်းဆိုနိုင်ပြီး အခမဲ့ ဈေးနှုန်းတင်ပြချက်ကို ပုံမှန်အားဖြင့် အလုပ်ရက် တစ်ရက်အတွင်း ပေးပို့ပါသည်။ အရေးပေါ်ဖြစ်ပါက 09 765 441 707 သို့ ဖုန်းဆက်ပါ။
Paymentငွေပေးချေမှု
Which payment methods do you accept?မည်သည့် ငွေပေးချေမှုနည်းလမ်းများကို လက်ခံပါသလဲ?
We accept:
- Visa, Mastercard and MPU cards (processed securely by 2C2P)
- Mobile wallets such as KBZPay, WavePay, OnePay and MytelPay
- Bank transfer, cash on delivery and cash on pickup
အောက်ပါနည်းလမ်းများကို လက်ခံပါသည် —
- 2C2P မှတဆင့် ဗီဇာ၊ မာစတာကတ်နှင့် အမ်ပီယူကတ်များ
- ကေဘီဇက်ပေး၊ ဝေ့ဖ်ပေး၊ ဝမ်းပေး၊ မိုင်တယ်လ်ပေး စသည့် မိုဘိုင်းငွေပေးချေမှုများ
- ဘဏ်ငွေလွှဲ၊ ပစ္စည်းရောက်မှ ငွေပေးချေခြင်းနှင့် ဆိုင်တွင်လာယူမှ ငွေပေးချေခြင်း
How do I pay by bank transfer?ဘဏ်ငွေလွှဲဖြင့် မည်သို့ ပေးချေရမလဲ?
Choose bank transfer at checkout. ICT’s bank accounts are shown as soon as you click Place Order.
Checkout တွင် ဘဏ်ငွေလွှဲကို ရွေးချယ်ပါ။ ‘Place Order’ ခလုတ်ကို နှိပ်ပြီးသည်နှင့် ငွေလွှဲရန် အိုင်စီတီ၏ ဘဏ်အကောင့်များကို မြင်တွေ့ရပါမည်။
Is my card information safe?ကတ်အချက်အလက်များ လုံခြုံပါသလား?
Yes. ICT.com.mm does not store credit card or MPU card numbers — card payments are handled by 2C2P, a leading payment provider in South East Asia.
လုံခြုံပါသည်။ အိုင်စီတီသည် ဝယ်ယူသူများ၏ ခရက်ဒစ်ကတ်၊ အမ်ပီယူကတ် နံပါတ်များကို သိမ်းဆည်းထားခြင်း မရှိပါ။ ကတ်ဖြင့် ငွေပေးချေမှုများကို အရှေ့တောင်အာရှတွင် ဦးဆောင်နေသော 2C2P မှ ဆောင်ရွက်ပါသည်။
Delivery & pickupပို့ဆောင်ခြင်းနှင့် ဆိုင်တွင်လာယူခြင်း
How long does delivery take?ပို့ဆောင်ရန် ဘယ်လောက်ကြာမလဲ?
- Yangon Region: 4–36 hours
- Other states and regions: 1–5 days
- Overseas: please email us first
Times depend on your delivery address.
- ရန်ကုန်တိုင်းဒေသကြီးအတွင်း — ၄ နာရီမှ ၃၆ နာရီ
- အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ — ၁ ရက်မှ ၅ ရက်
- နိုင်ငံခြားသို့ — အီးမေးလ်ဖြင့် ဦးစွာ ဆက်သွယ်ပါ
ကြာမြင့်ချိန်သည် ပို့ဆောင်မည့်လိပ်စာပေါ် မူတည်ပါသည်။
How much is delivery?ပို့ဆောင်ခ ဘယ်လောက်လဲ?
The delivery charge depends on your address and is shown at checkout before you pay.
ပို့ဆောင်ခသည် သင့်လိပ်စာပေါ် မူတည်ပြီး ငွေမပေးချေမီ Checkout စာမျက်နှာတွင် ဖော်ပြပေးပါသည်။
Can I collect my order from the store?ဆိုင်တွင် လာရောက်ယူနိုင်ပါသလား?
Yes. Choose pickup at checkout and collect from our Yangon store at 369 Laydaungkan Road, Thingangyun. You can pay when you pick up.
ရပါသည်။ Checkout တွင် ဆိုင်မှလာယူမည်ကို ရွေးချယ်ပြီး ရန်ကုန်ဆိုင် (369 Laydaungkan Road, Thingangyun) တွင် လာရောက်ယူနိုင်ပါသည်။ လာယူချိန်တွင် ငွေပေးချေနိုင်ပါသည်။
What counts as the delivery date?ပို့ဆောင်သည့်နေ့ကို မည်သို့ သတ်မှတ်ပါသလဲ?
The Delivery Date is the day you sign the ICT.com.mm delivery slip.
ဝယ်ယူသူမှ ICT.com.mm ထံမှ ကုန်ပစ္စည်းများကို လက်ခံရရှိကြောင်း ဆိုင်းထိုးသည့်နေ့ကို Delivery Date ဟု သတ်မှတ်ပါသည်။
Returns & warrantyပြန်လည်လဲလှယ်ခြင်းနှင့် အာမခံ
Can I return or exchange an item?ပစ္စည်းကို ပြန်လည်ပေးပို့ လဲလှယ်နိုင်ပါသလား?
Items that are not as stated on your invoice — for example the wrong colour or model — can be returned within three (3) working days, excluding public holidays. Otherwise purchases can’t be returned. Gift cards, gift codes and software have their own conditions; see the Returns Policy for the full details.
ဘောက်ချာထဲတွင် ဖော်ပြထားသည့်အတိုင်း မဟုတ်ခဲ့ပါက (ဥပမာ – အရောင်မှားနေခြင်း၊ model မှန်ကန်မှု မရှိခြင်း) အများပြည်သူ ရုံးပိတ်ရက်မှအပ ၃ ရက်အတွင်း ပြန်လည်ပေးပို့ လဲလှယ်နိုင်ပါသည်။ သို့မဟုတ်ပါက ဝယ်ယူပြီး ပစ္စည်းများကို ပြန်လည်လဲလှယ်ပေးမည် မဟုတ်ပါ။ လက်ဆောင်ကတ်၊ လက်ဆောင်ကုဒ်နှင့် ဆော့ဖ်ဝဲလ်များအတွက် အသေးစိတ်ကို Returns Policy တွင် ကြည့်ပါ။
How do I start a return?ပြန်လည်ပေးပို့ရန် မည်သို့ စတင်ရမလဲ?
Are your products genuine and new?ပစ္စည်းများသည် စစ်မှန်ပြီး အသစ်ဖြစ်ပါသလား?
Yes. ICT.com.mm sells new products supplied by authorised distributors and resellers in Myanmar.
ဟုတ်ကဲ့။ ICT.com.mm သည် မြန်မာနိုင်ငံရှိ တရားဝင် ဖြန့်ချိရောင်းချသူများထံမှ ကုန်ပစ္စည်းအသစ်များကိုသာ ရောင်းချပါသည်။
Do products come with a warranty?ပစ္စည်းများတွင် အာမခံ ပါပါသလား?
Warranty terms depend on the brand and product. Contact us with the product name and we’ll confirm the warranty before you buy.
အာမခံသတ်မှတ်ချက်များသည် အမှတ်တံဆိပ်နှင့် ပစ္စည်းအလိုက် ကွာခြားပါသည်။ ပစ္စည်းအမည်ဖြင့် ဆက်သွယ်ပါက မဝယ်မီ အာမခံကို အတည်ပြုပေးပါမည်။
Prices & offersစျေးနှုန်းနှင့် အထူးအစီအစဉ်များ
Do you match prices?စျေးနှုန်းတူညီအောင် လုပ်ပေးပါသလား?
Yes — our Price Match Guarantee. If you see one of our products at a different price anywhere in Myanmar, send us a screenshot or the product link and we’ll match it. The item must be sold by an authorised distributor or reseller in Myanmar.
ပေးပါသည် (Price Match Guarantee)။ မြန်မာနိုင်ငံအတွင်း အခြားနေရာတွင် စျေးနှုန်းကွာခြားသည်ကို တွေ့ပါက ကုန်ပစ္စည်း၏ URL သို့မဟုတ် screenshot ကို ပို့ပေးပါ၊ စျေးနှုန်းတူညီအောင် ဆောင်ရွက်ပေးပါမည်။ သို့ရာတွင် ၎င်းကုန်ပစ္စည်းသည် မြန်မာနိုင်ငံအတွင်း တရားဝင် ဖြန့်ချိရောင်းချနေသည့် ပစ္စည်း ဖြစ်ရပါမည်။
Pay laterအရစ်ကျဝယ်ယူခြင်း
Can I buy now and pay later?ယခုဝယ်ပြီး နောက်မှ အရစ်ကျ ပေးချေနိုင်ပါသလား?
Yes, through the Take Now Pay Later leasing program from Mahar Bawga Finance. Apply online — ICT passes your application to Mahar Bawga Finance, and approval and all due process are entirely up to them.
ရပါသည်။ Mahar Bawga Finance ၏ Take Now Pay Later အရစ်ကျအစီအစဉ်ဖြင့် ဝယ်ယူနိုင်ပါသည်။ အွန်လိုင်းမှ လျှောက်ထားပါ — အိုင်စီတီမှ သင့်လျှောက်လွှာကို Mahar Bawga Finance သို့ ပေးပို့ပြီး ခွင့်ပြုချက်နှင့် လုပ်ငန်းစဉ်အားလုံးကို ၎င်းတို့မှ ဆောင်ရွက်ပါသည်။
How do I buy from ICT in instalments?အိုင်စီတီမှ အရစ်ကျ မည်သို့ ဝယ်ယူနိုင်မလဲ?
Fill in your personal details in the application form to apply.
ဤလင့်ခ်တွင် မိမိ၏ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းပြီး ဝယ်ယူနိုင်ပါသည်။
Who can apply?ဘယ်လိုလူတွေ လျှောက်လို့ ရလဲ?
Employees, SME owners (your own business), taxi drivers, online shop owners and seafarers.
ဝန်ထမ်း၊ SMEs (ကိုယ်ပိုင်လုပ်ငန်း)၊ Taxi Driver၊ Online Shopping Owner၊ သင်္ဘောသား များ ဝယ်ယူနိုင်ပါသည်။
Who qualifies to buy in instalments?မည်သို့သောသူများ အိုင်စီတီမှ အရစ်ကျ ဝယ်ယူနိုင်မည်နည်း?
People with a regular monthly income who can provide the relevant supporting letters.
လစဉ်ဝင်ငွေရှိသောသူများ သက်ဆိုင်ရာ ထောက်ခံစာများဖြင့် အရစ်ကျပေးသွင်း ဝယ်ယူနိုင်ပါသည်။
What are the restrictions?ကန့်သတ်ချက်များ ဘာတွေ ရှိလဲ?
- You must be 18 to 60 years old.
- Employees need at least six (6) months’ service at their company.
- Applicants who are the only person on their household list can’t apply.
- Applications without the down payment are not accepted.
- First-time buyers repay over six (6) months to one (1) year.
- အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိသူများ ဝယ်ယူနိုင်ပါသည်။
- ဝန်ထမ်းဖြစ်ပါက ထိုကုမ္ပဏီတွင် လုပ်သက်အနည်းဆုံး (၆) လ ရှိရပါမည်။
- မိမိသန်းခေါင်စာရင်းတွင် မိမိတစ်ယောက်တည်းသာ ရှိသူများ အရစ်ကျဝယ်ယူ၍ မရပါ။
- Downpayment မသွင်းဘဲ လျှောက်ထား၍ လုံးဝ မရပါ။
- ပထမဆုံး ချေးငွေဖြင့် ဝယ်ယူမည့်သူသည် (၆) လမှ (၁) နှစ်အတွင်း ပေးသွင်းရပါမည်။
How much is the first payment?ပထမဦးဆုံး ပေးသွင်းရမည့် ငွေပမာဏ ဘယ်လောက်လဲ?
20% of the product price.
ပစ္စည်းတန်ဖိုး၏ ၂၀% ပေးသွင်းရပါမည်။
What else do I pay when I collect the item?ပစ္စည်းထုတ်ချိန်တွင် ကနဦးပေးသွင်းငွေအပြင် ဘာတွေ ထပ်ပေးရမလဲ?
Besides the 20% down payment, a 7% service charge on the remaining 80% loan amount.
ပစ္စည်းတန်ဖိုး၏ ၂၀% အပြင် ကျန်ချေးငွေ ၈၀% အတွက် Service Charges ၇% ပေးသွင်းရန် လိုအပ်ပါသည်။
Which documents do I need for the loan form?Loan Form တင်ရန် မည်သည့် စာရွက်စာတမ်းများ လိုအပ်ပါသလဲ?
- Employees: company letterhead or staff card
- SME owners: business licence, tax receipt and 3 photos of the business
- Taxi drivers: owner book, wheel tax and triangle board
- Online shop owners: page screenshot and 3 photos of the business
All applicants also need their original NRC, household list, and ward recommendation letter (or an up-to-date meter bill). Employees also need their original staff card and a salary confirmation letter on company letterhead.
- ဝန်ထမ်းဖြစ်လျှင် – Letterhead (သို့မဟုတ်) ဝန်ထမ်းကတ်
- SMEs Owner ဖြစ်လျှင် – လုပ်ငန်းလိုင်စင်၊ အခွန်ပြေစာ၊ လုပ်ငန်းဓာတ်ပုံ (၃) ပုံ
- Taxi Driver ဖြစ်လျှင် – Owner Book၊ Wheel Tax၊ Triangle Board
- Online Shop Owner ဖြစ်လျှင် – Page Screenshot၊ လုပ်ငန်းဓာတ်ပုံ (၃) ပုံ
ဝယ်ယူမည့်သူ၏ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း၊ ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာမူရင်း (သို့) မီတာစာရွက် update မူရင်း လိုအပ်ပါသည်။ ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ်မူရင်းနှင့် လစာမှန်ကန်ကြောင်း ရုံး letterhead ဖြင့်ရေးထားသော ထောက်ခံစာမူရင်းတို့ လိုအပ်ပါသည်။
How is the interest calculated?ချေးငွေ ပေးသွင်းရမည့်လနှင့် အတိုးနှုန်းကို မည်သို့ တွက်ချက်နိုင်မလဲ?
Interest is 3.8% per month (flat rate) on the loan amount. If you settle the loan early, you save 40% of the interest for the remaining months. Work out your payments with the Mahar Bawga calculator.
အတိုးအနေဖြင့် 3.8% (Flat Rate) ကို ချေးငွေပမာဏအပေါ်တွင် လအလိုက် ကျသင့်ပါသည်။ စာချုပ်ပါ သက်တမ်းထက်စော၍ ငွေအပြတ်သွင်းလိုပါက ကျန်လများ၏ အတိုးကို 40% သက်သာခွင့် ရရှိပါမည်။ ဤလင့်ခ်တွင် တွက်ချက်နိုင်ပါသည်။
What is the most I can buy?အများဆုံး ဝယ်ယူနိုင်သည့် ပစ္စည်းတန်ဖိုး ဘယ်လောက်လဲ?
Items worth up to twice (2×) your monthly income.
မိမိလစဉ်ရသည့် ဝင်ငွေ၏ ၂ ဆ ရှိသည့် တန်ဖိုးအထိ ဝယ်ယူနိုင်ပါသည်။
Contact & appဆက်သွယ်ရန်နှင့် အက်ပ်
How can I contact ICT?အိုင်စီတီကို မည်သို့ ဆက်သွယ်ရမလဲ?
- Live chat on the website
- Messenger: m.me/ICT.com.mm
- Phone: 09 765 441 707 / 08 / 09 / 10
- Email: hello@ict.com.mm
- ဝက်ဘ်ဆိုက်ရှိ Live Chat
- Messenger: m.me/ICT.com.mm
- ဖုန်း: 09 765 441 707 / 08 / 09 / 10
- အီးမေးလ်: hello@ict.com.mm
Where is your store?ဆိုင် ဘယ်မှာ ရှိပါသလဲ?
369 Laydaungkan Road, Thingangyun, Yangon 11071. Get directions.
369 Laydaungkan Road, Thingangyun, Yangon 11071 တွင် ရှိပါသည်။ လမ်းညွှန်ကြည့်ရန်
Is there an ICT app?ICT အက်ပ် ရှိပါသလား?
Yes — download ICT.com.mm on the App Store or Google Play.
ရှိပါသည်။ ICT.com.mm ကို App Store သို့မဟုတ် Google Play တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။
Can I sell my products on ICT.com.mm?ICT.com.mm တွင် မိမိပစ္စည်းများကို ရောင်းချနိုင်ပါသလား?
Yes. Get in touch and tell us about your products — choose “Sell with us” as the subject.
ရပါသည်။ ဆက်သွယ်ပြီး သင့်ကုန်ပစ္စည်းများအကြောင်း ပြောပြပါ — Subject တွင် “Sell with us” ကို ရွေးချယ်ပါ။
No questions match your search. Try another word or contact us.ရှာဖွေမှုနှင့် ကိုက်ညီသော မေးခွန်း မတွေ့ပါ။ အခြားစကားလုံးဖြင့် ရှာပါ သို့မဟုတ် ဆက်သွယ်ပါ။
Our team is happy to help by phone, Messenger, live chat or email.
ဖုန်း၊ Messenger၊ Live Chat သို့မဟုတ် အီးမေးလ်ဖြင့် ကျွန်ုပ်တို့အဖွဲ့မှ ကူညီပေးပါမည်။
