Philips SpeedCare Steam Generator Iron GC6631, Steam Irons, PHILIPS - ICT.com.mm

Philips SpeedCare Steam Generator Iron GC6631

Brand: PHILIPS
SKU: GC6631

Warranty: 2 Year

K608,000

See the description below.or write a review to earn points.

Add to Wishlist

Description

Philips SpeedCare Steam Generator Iron GC6631

  • Water tank capacity: 1200 ml
  • Filling and emptying water: Extra-large filling hole
  • Refill any time: Yes
  • Heat-up time: 2 min
  • Hose storage: Hose storage compartment
  • Cord freedom (swivel): 180 degree cord freedom
  • Hose length: 1.6 m
  • Power cord length: 1.8 m
  • Storage solution: Carry lock
  • Safety auto off: Yes
  • Warranty: 2 Years

ပုံမှန်သမာရိုးကျမီးပူတွေနဲ့ ရေနွေးငွေ့သုံးမီးပူတွေထက် ပိုကောင်းတဲ့ Philips အမှတ်တံဆိပ် SpeedCare Steam Generator မီးပူ ဖြစ်ပါတယ်။ ပုံမှန်ရေနွေးငွေ့မီးပူတွေထက်ပိုပြီး ရေနွေးငွေ့အသုံးပြုနိုင်တာကြောင့် အချိန်တိုအတွင်း အဝတ်အထည်အများကြီးကို မီးပူတိုက်နိုင်မှာ ဖြစ်ပါတယ်။ အချိန်ကုန်၊ လူပင်ပန်း သက်သာတာကြောင့် မီးပူအကြာကြီးတိုက်ခဲ့ရတဲ့အချိန်တွေကို ကျန်တဲ့နေရာတွေမှာ အကျိုးရှိရှိအသုံးချ နိုင်စေမှာပါ။ သမာရိုးကျရေနွေးငွေ့မီးပူတွေက ရေကို မီးပူအတွင်းမှာထည့်သွင်းရတာဖြစ်ပြီး အသုံးပြုနေရင်း ခဏခဏ ရေထဖြည့်ရတဲ့အတွက် အလုပ်မတွင်ကျယ်ပါဘူး။ SpeedCare steam generator မှာတော့ 1.2 လီတာ အရွယ်အစားရှိ ရေကန်ငယ်ပါဝင်ပြီး အချိန်တစ်နာရီနဲ့အထက် အသုံးပြုနိုင်ပါတယ်။ ရေနွေးငွေ့ဖြည့်ဖို့အတွက် ဒီရေကန်ငယ်ပေါ်မှာ သင့်ရဲ့မီးပူကို တင်ထားပြီး အချိန်နှစ်မိနစ်အတွင်းမှာ အသုံးပြုနိုင်ပါတယ်။ ရေနွေးငွေ့ တစ်ကြိမ်သွင်းပြီးတာနဲ့ အဝတ်အထည်ပေါင်းများစွာကို မီးပူတိုက်နိုင်တာကြောင့် အရမ်းကို အလုပ်ရှုပ် သက်သာစေပါတယ်။ မီးပူတိုက်နေရင်း ဘယ်အချိန်ဖြစ်ဖြစ် ရေနွေးငွေ့ကို လွယ်ကူစွာ ပြန်သွင်းနိုင်ပါတယ်။ မီးပူရဲ့အောက်ခြေဒီဇိုင်းက မီးပူတိုက်ရခက်တဲ့ ကြယ်သီးကြားလိုနေရာတွေနဲ့ တွန့်ကြေနေတဲ့ အနားသတ် နေရာတွေကို လွယ်ကူစွာ မီးပူတိုက်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ (၁၀)နာရီကြာလောက် အသုံးပြုပြီးချိန်မှာ Smart Calc သန့်ရှင်းရေးစနစ်က မီးလင်းအချက်ပြအသံပေးမှာဖြစ်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ဖို့အတွက် အသင့်ထည့်သွင်းပေးထားတဲ့ Calc အထိုင်ခွက်ပေါ်မှာ မီးပူကို တင်ထားပြီး ညစ်ပေနေတဲ့ ရေနွေးငွေ့နဲ့ ရေတွေကို ပြန်လည်စွန့်ထုတ်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။ ရေနွေးငွေ့ကန်က ရေပိုက်ခေါင်းရေကို အသုံးပြုဖို့အတွက် ဒီဇိုင်းထုတ်ထားတာကြောင့် ရေပြန်ဖြည့်လိုတဲ့အခါ မီးပူကို ပိတ်စရာမလိုဘဲ ရေနွေးငွေ့ကန်အဖုံးဝကို ဖွင့်ပြီး ရေဖြည့်ပေးရုံပါပဲ။ ရေနွေးငွေ့ဖိအား 4.5 bar Pump Pressure ရရှိတဲ့အတွက် ရေနွေးငွေ့ဟာ အဝတ်အထည်တွေရဲ့ ချည်မျှင်ကြားတွေအထိ ရောက်ရှိမှာဖြစ်တာကြောင့် တွန့်ကြေနေတဲ့ အဝတ်အစားတွေဟာ မီးပူတစ်ချက် တိုက်လိုက်ရုံနဲ့ အလျင်အမြန်ပြန့်ပြူးသွားမှာ ဖြစ်ပါတယ်။ မီးပူရဲ့သက်တမ်းကြာရှည်ဖို့အတွက် သေချာစစ်ထားတဲ့ ရေ သို့မဟုတ် ရေသန့် ကိုသာ အသုံးပြုဖို့ အကြံပြုထားပါတယ်။ အဝတ်အထည်အများကြီးကို မီးပူတိုက်ရတဲ့သူတွေအတွက် အချိန်တိုအတွင်း အလုပ်ပြီးမြောက်စေမဲ့ ရေနွေးငွေ့မီးပူတစ်လုံးပဲ ဖြစ်ပါတယ်။

1.2-l water tank and refill at any time during ironing

The SpeedCare steam generator has a 1.2-l water tank capacity to allow you to iron for over an hour. It helps to reduce the number of refills required for large laundry loads. The technology will also allow you refill the water tank during ironing without the appliance cooling down for 2 hours while it is waiting to be refilled.

Triple precision tip for optimal control and visibility

The tip of this Philips iron is precise in 3 ways: it has a pointed tip, button groove and a sleek nose design. The triple precision tip enables you to reach even the most tricky areas, e.g. around the buttons or between the pleats.

Reviews

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)