This Philips Daily collection Food Processor has a compact design including a 2.1 L bowl and a variety of high performance accessories. Preparing delicious homemade food has never been so easy!
ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အာလူး၊ ကြက်သွန်နီ စတဲ့ အသီးအနှံတွေကို ခလုတ်တစ်ချက်လှည့်လိုက်ရုံနဲ့ အလွယ်တကူလှီးဖြတ်နိုင်တဲ့ Philips အမှတ်တံဆိပ် Daily collection Food Processor ဖြစ်ပါတယ်။ အသားငါးအမျိုးမျိုးကိုလည်း ကြိတ်ဖြတ်ပေးနိုင်ပြီး မုန့်နှစ်နယ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ 2.1 L ဆံ့ဝင်တဲ့ ခွက်နဲ့အတူ အသုံးဝင်လှတဲ့ တွဲဖက်ပစ္စည်းများစွာ ပါဝင်ပါတယ်။ မိမိရဲ့အိမ်မှာ အရသာရှိလှတဲ့ အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်ဖို့ အကောင်းဆုံးကူညီပေးနိုင်တဲ့ စက်ဖြစ်ပါတယ်။ အမြန်နှုန်းနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အရှိန်နှေးတဲ့ Speed 1 က မလိုင်၊ ဥအမျိုးမျိုး၊ မုန့်နှစ်၊ ဂျုံမုန့်ညက် တွေကို ခလောက်/မွှေပေးဖို့ အသုံးပြုနိုင်ပါတယ်။ ပိုပြီးမြန်တဲ့ Speed 2 ကတော့ ကြက်သွန်နီနဲ့ အသားတွေကို လှီးဖြတ်ပေးဖို့၊ စွပ်ပြုတ်အရည်နဲ့ ဟင်းအနှစ်ရည်တွေကို ရောသမမွှေပေးဖို့တို့အပြင် ဟင်းသီးဟင်းရွက်တွေကို ပုံစံအမျိုးမျိုးနဲ့ လှီးဖြတ်ပေးဖို့ အသုံးပြုနိုင်ပါတယ်။ မိမိအသုံးပြုလိုတဲ့ ပုံစံအလိုက် တွဲဖက်ပစ္စည်းဓားသွားတွေ၊ ကိရိယာတွေကို တပ်ဆင်အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ အသီးအနှံထည့်သွင်းတဲ့ပြွန်ကို ယခင် မော်ဒယ် HR7625 ထက် 40% ပိုမိုကြီးမားတဲ့ပြွန်ကို အသုံးပြုပေးထားတာကြောင့် အသုံးပြုရတာ ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ဓားသွားကို အရည်အသွေးမြင့် Stainless Steel နဲ့ ပြုလုပ်ထားပြီး အသွားဟာ အလွန်ထက်ရှတာကြောင့် ထည့်သွင်းလိုက်သမျှ အသီးအနှံတွေကို အထစ်အငေါ့မရှိ လှီးဖြတ်ပေးနိုင်ပါတယ်။ စွမ်းအားပြည့်အသုံးပြုနိုင်ဖို့အတွက် 650W နဲ့ ထုတ်လုပ်ပေးထားပြီး အိမ်တွင်းဟင်းလျာတွေကို အလျင်အမြန် ချက်ပြုတ်နိုင်ဖို့ ကူညီပေးနိုင်တဲ့ မရှိမဖြစ် Food Processor ဖြစ်ပါတယ်။ အာမခံသက်တမ်း နှစ်နှစ် အထိ ပေးထားတဲ့အတွက် စိတ်ချလက်ချနဲ့ ရေရှည်အသုံးပြုနိုင်ပါတယ်။
speed settings and pulse for maximum control
For best results, use the low speed setting (speed 1) to whip cream, beat eggs, create pastries and bread dough. The higher speed setting (speed 2) is well suited to chop onions and meats, blend soups and smoothies or shred, slice, grate or rasp vegetables.
40% larger feeding tube (compared to Philips HR7625)
The new Philips Daily collection Food Processor comes with a feeding tube which is 40% larger than the previous HR7625 model, saving precutting time of fruits and vegetables.
Up to 5 portions in one go
The generous 2.1L bowl (1.5 L working capacity) enables you to blend up to 5 portions of soup in one go.