Zolito အမှတ်တံဆိပ် Solo Supremo ကော်ဖီမှုန့်ဖြစ်ပါတယ်။ သဘာဝကော်ဖီစေ့စစ်စစ်ကို အမှုန့်ကြိတ်ထားတဲ့ (Ground Type) ကော်ဖီမှုန့်စစ်စစ်ဖြစ်ပြီး သာမန်ထက်အချိန်ကြာကြာလှော်ထားတဲ့ ‘Dark Roasted’ အမျိုးအစားဖြစ်တဲ့အတွက် သင်းပျံ့တဲ့ရနံ့နဲ့ ကော်ဖီချိုခါးအရသာကို ခံစားရမှာပါ။ အဆီဓာတ်ပြည့်ဝပြီး ချိုခါးတဲ့အရသာကို ပေးစွမ်းနိုင်တဲ့ အာရေဘီကာ(Arabica)ကော်ဖီစေ့စစ်စစ်တွေမှ ထုတ်လုပ်ထားတာဖြစ်လို့ Espresso ကော်ဖီကြိုက်သူတွေအတွက် သင့်တော်ပါတယ်။ ‘Dark Roasted’ အမျိုးအစားကော်ဖီတွေမှာ သတ္တုဓာတ်၊ ဗီတာမင်နဲ့ Antioxidant တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးပြီး ဦးနှောက်ကိုလန်းဆန်းစေသလို အသည်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ အနံအရသာပြည့်စုံတဲ့ Espresso ကော်ဖီချိုချိုတစ်ခွက်နဲ့ တစ်နေ့တာကို လန်းဆန်းစွာ စတင်လိုသူတွေ အကြိုက်တွေ့မှာပါ။ ထိုင်းနိုင်ငံမှ ထုတ်လုပ်တင်သွင်းထားပါတယ်။
- 100% Arabica ကော်ဖီစေ့မှထုတ်လုပ်ထားပြီး ကော်ဖီအရသာကြွယ်ဝသော၊ မွှေးကြိုင်သောအရသာကိုပေးပြီး၊
- Espresso အချိုအရသာ များကိုကြိုက်နှစ်သက်သူများအတွက်သင့်တော်သည်။