KMDမှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

KMDမှ တစ်လတစ်ကြိမ်ပြုလုပ်လျက်ရှိသော First Week Special Sales အစီအစဉ်ကို ရန်ကုန်ရှိပန်းဆိုးတန်း KMD, မြေနီကုန်း KMD, လမ်းမတော် KMD, တာမွေ KMD , မန္တလေးရှိ 77 Mobile & IT Mall နှင့် နေပြည်တော် KMD စသည့် KMD အရောင်းဆိုင်ကြီးများတွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရှိရပါတယ်။ hTC Desire 210 (Dual SIM), Lenovo A536 အစရှိတဲ့ Smartphone များကို ဝယ်ယူပါက SIM နှင့် MicroSD Card မေတ္တာလက်ဆောင်များ ပေးအပ်သွားမည်ဟု သိရပါတယ်။ 225,000 ကျပ် Dell Venue 7 Tablet ကိုလဲ 198,000 ကျပ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး SIM နှင့် microSD Card လက်ဆောင်ပေးမည်ဟု သတင်းရရှိပါတယ်။ 16GB Apple NanoIpodကို အထူးဈေးနှုန်း 120,000 ကျပ်ဖြင့် ရောင်းချပေးသွားပါမည်။ အချို့သော Note Book နှင့် Accessories များကို 15% မှ 40% အထိ Discount များဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး NEC PC Tablet 128 GB ကို ဝယ်ယူသူများကိုလည်း SIM လက်ဆောင်ပေးမည်ဟု သတင်းရရှိပါတယ်။ အသေးစိတ်စုံစမ်းလိုပါက KMD ဖုန်း 01-381129, 381035 သို့ မေးမြန်းဆက်သွယ်နိုင်ပါတယ်။