Home News Yangon ICT Fair (August 2013)တွင် KMDမှ အထူးလျှော့စျေးများစွာဖြင့် ရောင်းချ ပေးသွားမည်

Yangon ICT Fair (August 2013)တွင် KMDမှ အထူးလျှော့စျေးများစွာဖြင့် ရောင်းချ ပေးသွားမည်

0 15

၂ဝ၁၃ခုနှစ်၊ သြဂုတ်လ (၂)ရက် မှ (၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Yangon ICT Fair (August 2013)တွင် KMD Computer & Mobile မှ အထူးလျှော့စျေးများနှင့် အထူးအစီအစဥ်များစွာကို Booth No.B2 တွင် ပြုလုပ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ပြပွဲရက်အတွင်း Lenovo, Dell, Fujitsu, NEC, Acer, HP အစရှိသော Notebook Brand  မျိုးစုံကို အထူးစျေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ အထူစျေးနှုန်းများအနေဖြင့် KMDမှ မည်သည့် Notebookကို မဆို ဝယ်ယူသူများအတွက် ငွေကျပ် (၁ဝဝဝဝ)လျှော့ပေးမည့်အပြင် လက်ဆောင်ပစၥည်းများကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။ တစ်ခြားအစီအစဥ်အနေဖြင့် Apple iPod Touch (64GB)  မူရင်းစျေး  (၃၄၅ဝဝဝ) ကျပ်ကို (၁၉၉ဝဝဝ) ကျပ်စျေးနှုန်းဖြင့် နံနနက် (၁၁:၃ဝ) နှင့် ညနေ(၄:၀၀)တို့တွင် မဲနှိုက်ရောင်းချပေးမည် ဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် KMD မှ ပစၥည်းဝယ်ယူသူတိုင်းအတွက် ညနေ(၄:၃၀)နာရီတွင် Feature Phone သုံးလုံးစီကို ပြပွဲရက်အတွင်း မဲနှိုက်ပြီး လက်ဆောင်အဖြစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ KMD Mobile တွင် မိုဘိုင်းဖုန်း Brand မျိုးစုံကို ပုံမှန်ရောင်းစျေးထက် လျှော့ချ ရောင်းချပေးသွားမည့်အပြင်  လက်ဆောင်များစွာနှင့်၊ application  အခမဲ့ ထည့်သွင်းပေးခြင်း အစရှိသည်တို့ကို ဝယ်ယူသူများအတွက် ချက်ချင်း ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။နောက်ထပ် အစီအစဥ်များအနေဖြင့် GSM ခလုတ်ဖုန်းများအတွက် ကြိုက်တာယူ(၁၅ဝဝဝ)၊ CDMA 800 ခလုတ် ဖုန်းများကို အနည်းဆုံး (၉ဝဝဝဝ)ကျပ်ကျော် နှင့် ဘာသာစကား(၃၂)မျိုး ဘာသာပြန်ပေးနိုင်သော Comet Translator ကို ငွေကျပ်(၇၉ဝဝဝ)ဖြင့် လျှော့ချရောင်းပေးသွားမည်ဖြစ်သည်။ နံနက် (၁ဝ) နာရီနှင့် ညနေ (၃)နာရီတို့တွင်လည်း Lenovo နှင့် Huawei  Smart Phone တို့ကို ပြပွဲနေ့တိုင်း (၄၉ဝဝဝ)ကျပ်ဖြင့် တစ်နေ့ (၅) လုံးစီ မဲနှိုက်ရောင်းချပေးသွားမည် ဖြစ်သည်။  ပြပွဲအကြောင်းအရာများနှင့် ပတ်သက်၍ အသေးစိတ် သိလိုပါက ဖုန်း ဝ၁-၂၄၅၁၈ဝ၊ ၃၈၅၁၇၇၊  ၃၈၅၈၇၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

Ref: KMD