ရာသီတိုင်းတွင်.... » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

ရာသီတိုင်းတွင်….

ရာသီတိုင်းတွင်….
Jun 10, 2013 Dr. PTS
mosqutio

“ရာသီတိုင်းတွင် ဖျားနာလျှင် သွေးလွန် တုပ်ကွေးမှတ် အဖျားကျစဉ် မလန်းလျှင် အစဉ် သတိချပ်”

စာရေးသူတို့၏ ကျေးဇူးရှင်ဆရာကြီး ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းမှ စာရေးသူတို့ ဆေး လက်တွေ့သင်တန်းသားများကို မြောက်ဥက္က လာပ သင်ကြားရေး ဆေးရုံကြီး၌ အစဉ်အမြဲ ရွတ်ဆိုခိုင်းသော စာချိုးလေးတည်း။ CHILD WARD (အပေါ်ထပ်)သို့ ရောက်လျှင် ထိုစာ ချိုးကို မရမက အလွတ်ကျက်မှတ်ရမည်ဟု သူငယ်ချင်းများက ပြော၍သာ စာရေးသူအဖို့ စိတ်မပါ လက်မပါဖြင့် ကျက်ခဲ့ရသည်။ ကျောင်းသားများနှင့် ကလေးသူငယ်လူနာ များအကြား ပျော်ပျော်ရွှင်ရွှွင်ဖြင့် Ward Roundရင်း စာသင်ပေးတတ်သော ဆရာ ကြီးကား သွေးလွန်တုပ်ကွေး လူနာတစ်ဦး နား ရောက်ပြီဆိုလျှင်ဖြင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးမဟုတ် တစ်ဦးကို ထို စာချိုး ရွတ်ဆိုခိုင်းတတ်သည်မဟုတ်လော။ ထိုစဉ်က ပြောင်ပြောင်နောက်နောက်ဖြင့် ရွတ်ခဲ့သော စာချိုးလေး၏ တန်ဖိုးကိုကား မိမိကိုယ်တိုင် ကလေးလူနာများနှင့် နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်တွေ့ရသည့်အခါမှ တဖြည်း ဖြည်း ပို၍သိလာသလို ဆရာကြီး၏ အမြော် အမြင်ကောင်းပုံကို လေးစားကျေးဇူးတင်မိ လာသည်။

စာရေးသူတို့ ကျောင်းသားဘဝနှင့် အလုပ်သင်ဆရာဝန် အချိန်ကလောက်ဆို လျှင်ပင် သွေးလွန်တုပ်ကွေးဆိုသည်မှာ နွေ အကုန်မိုးအကူးမှစ၍ မိုးရာသီတစ်လျှောက် သာ ကြုံတွေ့ခဲ့ရသည်။ နွေရာသီနှင့် ဆောင်း ရာသီတို့တွင် ကလေးတစ်ယောက် ဖျား သည်ဆိုပါက သွေးလွန်တုပ်ကွေးအတွက် စိတ်ပူစရာမလိုလောက်ဟု ယူဆခဲ့ကြသည်။ သို့သော် တစ်နှစ်ထက်တစ်နှစ် သွေးလွန် တုပ်ကွေးဖြစ်ပွားမှုနှုန်းများ မြင့်တက်လာ သည်နှင့်အမျှ စာရေးသူတို့၏ ဆရာကြီး သွန်သင်ခဲ့သကဲ့သို့ ရာသီမရွေး သွေးလွန် တုပ်ကွေးကို တွေ့လာရသည်။ ရိုးရိုးတွေ့ရရုံ တင်သာမက အသက်အန္တရာယ် အထိပါ ခြိမ်းခြောက်သော သွေးလွန်တုပ်ကွေး၏ လက္ခဏာများပါ ရာသီမရွေး ဖြစ်ပွားလာ သည်။ ယခင်က ဖြစ်ပွားခဲ့သော အသက်တစ် နှစ်အောက် ကလေးသူငယ်များတွင်ပါ ဆိုး ရွားစွာ ဖြစ်ပွားလာသည်ကို ပိုမို တွေ့ရှိလာရ သလို အသက် (၇၀)ကျော် အရွယ်အထိပါ ဖြစ်ပွားမှုမျိုးအထိ ကြုံဆုံရသည်။

အများစု သိရှိပြီး ဖြစ်သော်လည်း ကျန်ရှိနေသော မသိရှိသေးသည့် လူနည်းစု တို့အတွက် သွေးလွန်တုပ်ကွေးအကြောင်း အနည်းငယ်ဝေမျှလိုပါသည်။ နေ့ခင်းဘက် ကိုက်သောခြင် Aedes Aegypကြောင့် သွေးလွန်တုပ်ကွေး ဖြစ်ရပါသည်။

၎င်းမှတစ် ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ပါ သည်။ ရေသန့်ရေငြိမ်တွင် ပေါက်ပွားတတ် သောကြောင့် အိမ်နှင့် ပတ်ဝန်းကျင်ရှိ ရေ အောင်းရာနေရာနှင့် ရေအိုးရေခွက်တို့ကို “ဖုံး၊ သွန်၊ လဲ၊ စစ်….”လုပ်ရမည်ဟုလည်း ညွှန်ကြားကြပါသည်။ ကမ္ဘာ၏ အီကွေတာ တစ်ဝိုက်၊ အပူပိုင်းဇုန်တွင်သာ အဖြစ်များ သော ထိုရောဂါသည်ကား “သွေးလွန်”ဆို သည့်အတိုင်း လူတစ်ဦးအတွက် အပြည့် အဝရှိသင့်သော သွေးယိုစီးမှု ကာကွယ် သော သွေးဥမွှား (Platelets)များ အဆ မတန် ကျဆင်းခြင်း (Thnombocytopenia) ဖြစ်ပွားရာမှ သွေးလန့်ခြင်း၊ ကိုယ်ခန္ဓာ အတွင်း၊ သွေးယိုစီးခြင်းတို့ကို ဖြစ်စေသဖြင့် လူအများ စိုးရိမ်ကြခြင်း ဖြစ်သည်။ သွေးလွန်တုပ်ကွေးဟု ကနဦးရောဂါ ရှာဖွေမှုအဖြစ် သွေးကြောများ ပျက်စီးလွယ် မှု (Capillary Leakage)ရှိရန် (Capillary Fragility Test)ဟုခေါ်သော စမ်းသပ်မှု (Hess Test)လုပ်ရသည်။ Hess Test (+)ve ဖြစ်ခြင်း၏ အကြောင်းများစွာ ရှိသည့် အနက် စာရေးသူတို့ နိုင်ငံအနေအထား၊ Dergue Prevalence အနေအထားအရ သွေးလွန်တုပ်ကွေး (Pergue Harmo-nihagic Fever = DHF)ကို ဦးစားပေး စဉ်းစားရသည်။

စာရင်းအထောက်အထား များအရ ယမန်နှစ်ကထက် လက်ရှိ နှစ်တွင် ဖြစ်ပွားမှုမှာ ကွာခြားလာသည်။ Hess Test သွေးလွန်တုပ်ကွေး စမ်းခြင်းကိုလည်း စဖျား သည့် နံနက်ခင်းမှ သုံးရက် မြောက်သည့် နေ့တွင် စမ်းရပါသည်။ Hess Test (+)veဖြစ်ခြင်း၊ သွေးလွန်တုပ်ကွေး၏ လက္ခဏာ များ တစ်ခုမဟုတ် တစ်ခုရှိပါက သွေးဥမွှား ပမာဏာ (Platelet Count)စစ် ဆေးခြင်း၊ သွေးအုပ်စုခွဲခြင်း၊ Grrouping & Matching (G&M)စစ်ဆေးခြင်းနှင့် သွေးပျစ်နှုန်း Pack-ed Cell Volume (PCU)တို့ကို စစ်ဆေး ရမည်။ Hess Test (+)veဆိုရာ၌ လည်း စမ်းသပ်ပြီးမှ တစ််စက်နှစ်စက် ပေါ်ရုံ ဖြင့် လက်မခံ။ အနည်းဆုံး (၁၀)စက်ပေါ်လျှင် ဖြစ်နိုင်ချေကို ထည့်စဉ်းစား ရချေပြီ။ Stronglly (+)ve ဖြစ်သော လက္ခဏာ ကား စစ်ဆေးပြီးကာမှ အစက် နှစ်ဆယ်ကျော် အထင်းသား ပေါ်လာခြင်းတည်း။

ခေတ်မီတိုးတက်လာသော ဆေးပညာ၏ ကောင်းကျိုးတစ်ခုသည်ကား၊ သွေးလွန် တုပ်ကွေးရောဂါ၏ ဖြစ်စဉ်ကို ဖော်ထုတ်နိုင် ပြီး ရောဂါသတ်မှတ်မှုအဆင့် DHF Grading ဟူ၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ချမှတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အဖျားရှိ၍ Hess Test (+)ve ဖြစ်ရုံဆိုလျှင် Grade I၊ ထိုမျှမက ခန္ဓာကိုယ်တွင် မစမ်းသပ်ပဲ အလို အလျောက် အနီအစက်ငယ်များ ပေါ်လာ ခြင်း၊ သွေးချေဥခြင်း၊ သွားဖုံး၊ သွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အစာအိမ်အူလမ်း ကြောင်းတွင် သွေးယိုစီးရာမှ ကော်ဖီနှစ် ရောင် (Coffee Ground Vornitus) အန် ခြင်း၊ ဝမ်းမည်းမည်း (ကတ္တရာစေးကဲ့သို့ ငယ်ချေး)သွားခြင်း၊ ဆီးတွင် သွေးပါခြင်း အစရှိသည့် လက္ခဏာများ တစ်ခုခု ပေါ်လာ ပါက Grade II၊ ၎င်းမှ တစ်ဆင့် သွေးပေါင် ထိုးကျခြင်း၊ အပေါ်သွေးအောက် သွေးကပ် ခြင်း စသည့် သွေးလန့်ခြင်း (Dengue Shock)များ ဖြစ်ပေါ်လာပါက Grade IIIနှင့် ၎င်းထက်ဆိုးရွားသော သွေးပေါင်တိုင်း၍ မရလောက်အောင် သွေးလန့်ခြင်း (Pro-found Shock)ဝင်လာပြီဆိုလျှင် Grade IVဟူ၍ သတ်မှတ်နိုင်ပါသည်။

ရောဂါရှိသော အထောက်အထားအဖြစ် NS 1 Ag (non-Specific Ontigen 1)ကို အစောပိုင်း နှစ်ရက်လောက်မှ စ၍ သွေးစစ် ရှာဖွေနိုင်သကဲ့သို့ အဖျားငါးရက် နောက် ပိုင်းတွင် Dengue IgG, IgM တို့ကို စစ်ဆေး နိုင်ပါသည်။ ဆရာကြီး၏ စာချိုးလေးအတိုင်း ပင် “အဖျားကျ၍ မလန်းလျှင် အစဉ် သတိချပ်”ဆိုသည့်အတိုင်းပင် (၃)ရက်၊ (၄)ရက်မြောက်နေ့များတွင် သွေးလန့်ခြင်း စဖြစ် ပေါ် လာချိန်၌ အဖျားကျသွားတတ်သည်။ သာမန်အားဖြင့် အဖျားရှိသော ကလေးများ မလန်းဆန်းသော်လည်း အဖျားကျ၍ ကိုယ် ခန္ဓာအေးနေစေကာမူ မလန်းဆန်းလျှင် အထူး သတိပြုရမည်။ မိဘများအနေဖြင့် ဖျားသည်ကို စိတ်ပူတတ်ကြသော်လည်း အဖျားကျပြီဟု စိတ်အေးသွားချိန်တွင်မှ အန္တရာယ်ပေါ်ခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာ အေးရုံမျှမက ကလေးကား ဆက်တိုက်အန် လာခြင်း၊ မအီမသာဖြစ်လာခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ မှိန်းလွန်း အိပ်လွန်းခြင်း၊ ခြေသလုံး လက်ကောက်ဝက်များပါ အေးစက်လာခြင်း၊ ရုတ်တရက် ဗိုက်အောင့်လာခြင်းတို့သည် ကား သတိထားရမည့် သွေးလန့်ခြင်း၏ ကနဦးလက္ခဏာများ ဖြစ်သည်။

သွေးလွန်တုပ်ကွေး၏ အဓိက ကုထုံး ကား အရည်ဓာတ်ဖြည့်ဆည်းပေးခြင်း ဖြစ် သည်။ ORSဓာတ်အားသာမက အခြား အရည်မဝင်သော ကလေးများ သွေးပျစ်ခြင်း နှင့် သွေးလန့်ခြင်းတို့ ဖြစ်လာနို်င်သည်။ အဖျားမကျကျအောင် IBUPROFENတို့ကဲ့ သို့ ဆေးများ၊ အခိုးပွင့်ဆေး၊ အဖျားပြတ် ဆေးစသည့် မြန်မာ၊ တရုတ်ဆေးများ တိုက် ကျေွးမိပါကလည်း သွေးယိုစီးမှု ပြဿနာ ဖြစ်လာနိုင်သည်။ အရေးအကြီးဆုံးကား ကလေး၏ စအိုဝတစ်ဝိုက် မက်ကလောင် မဖောက်မိရန် ဖြစ်သည်။ သွေးလွန်တုပ် ကွေး၏ ပင်ကိုယ် သဘာဝအရ သွေးလန့် ခြင်း ဖြစ်ပေါ်နိုင်သည့် အနေအထားတွင် ထိုသို့ မက်ကလောင်ဖောက်ခြင်းကြောင့် ပိုးဆိပ်ပြန့်ခြင်း Septicemiaပါ ထပ်ပေါင်း ဖြစ်လာပါက ကုရခက်ပြီး ကလေးအသက် ဆုံးရှုံးနိုင်သဖြင့် ဖြစ်သည်။

အထူးမှာချင် သည်ကား သွေးလွန်တုပ်ကွေးသည် Virus ကြောင့် ဖြစ်သည်နှင့် အညီ ရောဂါလက္ခဏာ မျိုးစုံ (ဥပမာ – အသက်ရှုလမ်းကြောင်း လက္ခဏာ၊ ဝမ်းပျက် ဝမ်းလျှောလက္ခဏာ၊ အူအတက်ရောင် လက္ခဏာ အသည်းရောင် သည့် လက္ခဏာ အစရှိသဖြင့်) လာနိုင် သည်။ ကလေးအဖျား (၃)ရက်တိုင် မကျ သေးပါက Hess Test လုပ်သင့်သည်။ ထို့အတူ သွေးလန့်ခြင်း၊ သွေးယိုခြင်း၊ လက္ခဏာများကို ဦးစွာ သိထားသင့်သည်။ သို့မှသာ အချိန်မီ ဆေးရုံ ရောက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် “ရာသီတိုင်းတွင် ဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ် အဖျား ကျစဉ် မလန်းလျှင် အစဉ်သတိချပ်”

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*