HUAWEI Y300C (CDMA/GSM) » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

HUAWEI Y300C (CDMA/GSM)

HUAWEI Y300C (CDMA/GSM)
Jun 3, 2013 Min Khant
Y300C

အခုနောက်ပိုင်း ခေတ်စားလာတဲ့ CDMAဖုန်းလောကမှာ CDMA ဟန်းဆက်ကောင်းကောင်းတွေပဲ လိုချင်သူတွေ ရှိနေကြသလို တန်းဖိုးနည်း CDMAဖုန်းတွေကိုလည်း လိုချင်သူတွေ ရှိနေပါတယ်။ ဒါ့အပြင် စီးပွားတွက် တွက်ပြီး ဖုန်းကိုင်သူတွေအတွက် ပိုပြီး အဆင်ပြေစေတာက စွမ်းဆောင် ရည်လည်း သင့်မယ်၊ ဈေးလည်း သက်သာမယ် နောက်ဆုံး GSMစနစ်ကိုပါ သုံးနိုင်ဦးမယ်ဆိုရင်တော့ သေချာပါတယ်၊ ဒီဖုန်း လူကြိုက်များပါပြီ။

CPU
Huawei Y300Cရဲ့ CPUအမျိုးအစားက Dual Coreဖြစ်ပြီးတော့ Android 4.1 Jelly Beanဖြစ်ကာ အမြန်နှုန်းက 1 GHzဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်း ဈေးကွက်၀င်တဲ့ ဖုန်းတွေလောက်တော့ မြန်ဆန်မှု မရှိပေမယ့် Smartphoneတစ်လုံး အတွက်တော့ သင့်တင့်ပါတယ်။ RAMက 512 MBရှိမှာ ဖြစ်ပြီး Internal Memory အဖြစ်နဲ့ 4 GBပါရှိမှာ ဖြစ်တာကြောင့် SD Cardမသုံးပဲနဲ့တောင်မှ ဖုန်းသုံးစွဲရမှု အပိုင်းမှာ အဆင်ပြေစေမှာပါ။ Expansionထပ်မံ လုပ်နိုင်မယ့် ပမာဏက 32 GBထိအောင် ဖြစ်လို့ အဆင်ပြေပါတယ်။ Graphicsအပိုင်းမှာ Adreno 203ကို အသုံးပြုထား တာကြောင့် Gameအကြီးတွေ အထိအောင် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

FEATURES
အသုံးပြုနိုင်မယ့် Featureတွေက Mappingအပိုင်းမှာ GPS Navigation၊ Internet အပိုင်းမှာ Email၊ Media Playing အပိုင်းမှာ FM Radio, MP3 Playback, Video Player၊ Responseအပိုင်းမှာ Gravity Response၊ Connectionအပိုင်းမှာ Wifi, Bluetooth နဲ့ Communicationအပိုင်းမှာ Messageတွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

DISPLAY
Displayအပိုင်းမှာ Screen Sizeက (၄)လက်မ အရွယ်ရှိမှာ ဖြစ်သလို Screen Resolutionက 800×400 Pixelရှိမှာ ဖြစ်တာကြောင့် ရုပ်ထွက်ပိုင်းမှာ အကောင်းဆုံး အရည်အသွေး မဟုတ်ပေမယ့် သင့်တင်ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ အသုံးပြုနိုင်မယ့် ဘာသာစကားက အင်္ဂလိပ်ဖြစ်ပြီး အခြား ဘာသာစကားတွေ အတွက်တော့ ထပ်မံထည့်သွင်းဖို့လိုမှာ ဖြစ်ပါတယ်။ Screenစနစ်က Capacitive Screenစနစ်ဖြစ်ပြီး Touch Screenစနစ်ကို အကောင်းဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြသပေးနိုင်မယ့် အရောင်ပေါင်း က ၁၆ သန်းထိအောင် ဖြစ်တဲ့အတွက် ရုပ်ထွက်ပိုင်းမှာ အဆင်ပြေမှာပါ။

CAMERA
ကင်မရာအပိုင်းမှာတော့ 3MPပါ၀င်မှာ ဖြစ်ပြီးတော့ ရှေ့ဖက် ကင်မရာ တော့ မပါမရှိပါ။ ဒါကြောင့် အင်တာနက် သုံးစွဲမှု အပိုင်းတွေမှာတော့ ချို့ယွင်းချက် အနည်းငယ်တော့ ရှိနိုင်မှာ ဖြစ်ပါတယ်။ 3MPစွမ်းအားရှိတဲ့ ကင်မရာဖြစ်တာကြောင့် မှတ်တမ်းတင် ပုံလောက်ကိုတော့ အကောင်းဆုံး ရိုက်ကူးနိုင်မှာ ဖြစ်ပေမယ့် Video Recordingတွေလိုမျိုးတွေကိုတော့ အကောင်းဆုံး သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။

BODY & POWER
Batteryအပိုင်းမှာ 1730 mAh စွမ်းအားရှိမယ့် Batteryကို အသုံးပြုထားပြီး နောက်ပိုင်း ဖုန်းတွေမှာ သုံးထားတဲ့ 4000 mAhတွေ လောက်တော့ စွမ်းဆောင်နိုင်မှု မကောင်းပါဘူး။ ဒါပေမယ့် Huaweiတွေရဲ့ ပုံစံအတိုင်း စွမ်းအား အသုံးချမှု နည်းတာကြောင့် ဒီ Batteryလည်းပဲ အဆင်ပြေပါတယ်။ Talk Timeအဖြစ်နဲ့ အမြင့်ဆုံး ၆ နာရီ နီးပါးလောက်အထိ သုံးစွဲနိုင်မှာဖြစ်လို့ အနေတော်လောက်ပါပဲ။ ကိုယ်ထည် အပိုင်းမှာ ပလတ်စတစ် ဦးစားပေး ပုံစံဖြင့် တည်ဆောက်ထားတာ တွေ့ရပြီးတော့ အရွယ်အစားက အမြင့် ၁၂.၄ စင်တီမီတာ အကျယ် ၆.၃ စင်တီမီတာနဲ့ အထူကတော့ ၁.၁ စင်တီမီတာလောက်ပဲ ရှိမှာ ဖြစ်ပါတယ်။ အလေးချိန် အပိုင်းမှာ ၁၃၀ ဂရမ်ပဲ ရှိလို့ သုံးစွဲရမှုနဲ့ သယ်ဆောင်ရမှုတွေမှာ လွယ်ကူစေပါလိမ့်မယ်။

CONNECTION & OTHERS…

ချိတ်ဆက် သုံးစွဲနိုင်မှု အပိုင်းမှာ Headphone တွေ အတွက် ၃.၅ မီလီမီတာ အရွယ် Jackနဲ့ ချိတ်ဆက် သုံးစွဲရမှာ ဖြစ်ပါတယ်။ နောက်ပြီး micro USB v2.0ကို သုံးစွဲပြီး PCတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ နောက်ပြီး Wirelessအပိုင်းမှာ Bluetoothနဲ့ Wifiတွေလည်း အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အဆင်ပြေစေပါလိမ့်မယ်။ ဈေးနှုန်းက ကျပ် ၁၀၅,၀၀၀ဖြစ်ပြီး Y300Cကို ဖုန်း ၀၉-၇၃ ၂၁၆ ၂၂၂မှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: www.aliexpress.com

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*