မြန်မာ့အင်တာနက် လွတ်လပ်ခွင့် ဖိုရမ် (Myanmar Internet Freedom Forum) » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

မြန်မာ့အင်တာနက် လွတ်လပ်ခွင့် ဖိုရမ် (Myanmar Internet Freedom Forum)

မြန်မာ့အင်တာနက် လွတ်လပ်ခွင့် ဖိုရမ် (Myanmar Internet Freedom Forum)
May 27, 2013 Admin
internet-freedom

မြန်မာ့အင်တာနက် လွတ်လပ်ခွင့် ဖိုရမ် (Myanmar Internet Freedom Forum)ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်များ နယ်မြေ ရှိ MICT Parkတွင် ကျင်းပမည် ဖြစ်ပါသည်။ ဇွန်လ (၁၁)ရက်နေ့ နံနက် ၉နာရီတွင် ဆွေး နွေးမည့် လျာထားခေါင်းစဉ်များ အနေဖြင့် Internet Governance, Internet Freedomနှင့် လက်ရှိ မြန်မာနိုင်ငံ အခြေ အနေ၊ Access (အင်တာနက် ချိတ်ဆက် ဆက်သွယ်နိုင်မှု)၊ Securing Fundamen- tal Human Rights on the Internet (အခြေခံ လူ့အခွင့်အရေးများကို အင်တာ နက်ပေါ်တွင်လည်း ရရှိစေရန်)၊ Global Nature of Internet and Local Laws (အင်တာနက်၏ သဘောသဘာဝနှင့် ပြည်တွင်း ဥပဒေများ)၊ Responsibility of the State (အစိုးရ၏ တာဝန်ယူမှု)များနှင့် ပတ်သက်သော အကြောင်းအရာများကို စောင်းပေးပြီး ဆွေးနွေးသွားမည် ဖြစ်သည်။

ပထမနေ့ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အခြေခံကာ ဒုတိယနေ့တွင် မြန်မာနိုင်ငံရှိ အင်တာနက် လွတ်လပ်ခွင့်နှင့် ပတ်သက် သော စောင့်ကြည့် လေ့လာ သင့်သည့် အချက်များ၊ စောင့်ကြည့်လေ့လာပုံများ အကြောင်း ထပ်မံလေ့လာပြီး စောင့်ကြည့် လေ့လာရေး အဖွဲ့တစ်ဖွဲ့ကို နယ်မှ ဖိတ်ကြား ထားသော လူငယ်များဖြင့် အခြေပြု ဖွဲ့စည်း သွားမည် ဖြစ်ပါသည်။ ထို အဖွဲ့ ကောင်းမွန် ထိရောက်စွာ အလုပ် လုပ်နိုင်ရေးအတွက် လူကြီးမင်း၏ အတွေ့အကြုံနှင့် သိမှတ်ထား မှုများကို သက်ဆိုင်ရာ ကဏ္႑များမှ တစ်ဆင့် ပါဝင် ဆွေးနွေး မျှဝေပေးစေလိုပါ ကြောင်း၊ လူကြီးမင်း အနေဖြင့် မြန်မာနိုင်ငံ ဖံွ့ဖြိုး တိုးတက်ရေးကို နည်းပညာ ကဏ္႑မှ ထိရောက်စွာ ထောက်ပံ့ ကူညီနိုင်ရေးနှင့် အင်တာနက် လွတ်လပ်ခွင့် ပီပြင်စွာ ရရှိ ခံစားနိုင်ရေးကို အားပေးသည့် အနေဖြင့် Myanmar Internet Freedom Forum 2013တွင် ပါဝင် ကူညီစေလိုကြောင်းကို ပွဲစီစဉ်သူများ အားလုံးကိုယ်စား ကိုနေဖုန်း လတ်က ပြောခဲ့ပါသည်။

Myanmar Internet Freedom Forum 2013နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ သတင်းသမားများ သိလို၍ မေးမြန်းလာ သော မေးခွန်းများအား ကိုနေဖုန်းလတ်၊ မထိုက်ထိုက်အောင်နှင့် ကိုညီညီတို့မှ အသေးစိတ် ရှင်းလင်း ပြောကြားပေးသွား ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲအကြောင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက 09-450-025-616၊ 09-430-235-29၊ 09-730-370-50သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*