Infiniti FX 2012 » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

Infiniti FX 2012

Infiniti FX 2012
May 27, 2013 Admin
Infiniti-FX-2012

၂၀၀၂ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တဲ့ Infiniti FX Seriesဟာ အခုတော့ ၂၀၁၂ မော်ဒယ်အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်တွေကတော့ ပြိုင်ကားပုံစံ သွက်လက်မြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိမှု၊ ကွဲပြား ဆန်းပြားတဲ့ ဒီဇိုင်းပုံစံနဲ့ အသက်ကယ် စနစ် ကောင်းမွန်မှုတွေ ဖြစ်ပါတယ်။ အားနည်းချက် တစ်ခုကတော့ ခရီးသည် စီးနင်းခန်း အနည်းငယ် ကျဉ်းမြောင်းတာ တစ်ခုလောက်ပဲ ရှိပါတယ်။ ၂၀၁၂ ခုနှစ် မော်ဒယ် FXဟာ မော်ဒယ်ခွဲ သုံးခုနဲ့ ဈေးကွက်၀င်လာတာတွေ့ရပါတယ်။ အဲဒီမော်ဒယ်ခွဲတွေကတော့ FX35, FX35 Limited Editionနဲ့ FX50တွေ ဖြစ်ပါတယ်။ FX35နဲ့ Limitedမော်ဒယ်နှစ်မျိုးမှာ အသုံးပြုထားတဲ့ အင်ဂျင်က ၃.၅ လီတာသုံး V6 အင်ဂျင်တွေ ဖြစ်ပြီး လေးဘီယက်စနစ်တွေ ဖြစ်ပါတယ်။

နောက်ပြီး သူတို့မော်ဒယ်နှစ်ခုမှာ သိပ်ပြီးတော့ ကွဲပြားမှု မတွေ့ရပဲ FX35မှာ Navigation Systemပါ၀င်တာလေးတစ်ခုလောက်ပဲ သိသာမှု ရှိပါတယ်။ FX50မှာတော့ ၅.၀ လီတာသုံး V8 အင်ဂျင်တပ်ဆင်ထာတာ တွေ့ရပြီး လေးဘီးယက်စနစ် ဖြစ်ကာ FX35နဲ့ စာရင် အင်ဂျင်ကွာဟမှု တစ်ခုပဲ ရှိပါလိမ့်မယ်။ ဆီစားနှုန်းအပိုင်းမှာတော့ V6 အင်ဂျင်သုံး မော်ဒယ်တွေက ဆီတစ်ဂါလံကို မြို့တွင်း ၁၆ မိုင်နှုန်းနဲ့ အေ၀းပြေး လမ်းမတွေပေါ်မှာဆိုရင် ၂၃ မိုင်နှုန်းအထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီးတော့ V8အင်ဂျင်သုံး မော်ဒယ်မှာတော့ မြို့တွင်း ၁၄ မိုင်နှုန်းနဲ့ အေ၀းပြေး လမ်းတွေပေါ်မှာ မိုင် ၂၀ နှုန်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ V6 အင်ဂျင်တွေရဲ့ စွမ်းအားက မြင်းကောင်ရေ ၃၀၃ ကောင်အား ထုတ်ပေးမှာ ဖြစ်ပြီးတော့ V8အင်ဂျင်တွေကတော့ မြင်းကောင်ရေ ၃၉၀အား ထုတ်ပေးပါလိ်မ့်မယ်။ ဒါကြောင့် Sportကားကောင်း စီးချင်သူတွေ အတွက် Infinitiက အကောင်းဆုံး စွမ်းဆောင်ပေးမှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*