ရန်ကုန်တက္ကသိုလ် နှင့် ကိုရီးယားတက္ကသိုလ်တို့ ပညာရေး ပူးပေါင်းလုပ်ဆောင်မည် » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

ရန်ကုန်တက္ကသိုလ် နှင့် ကိုရီးယားတက္ကသိုလ်တို့ ပညာရေး ပူးပေါင်းလုပ်ဆောင်မည်

ရန်ကုန်တက္ကသိုလ် နှင့် ကိုရီးယားတက္ကသိုလ်တို့ ပညာရေး ပူးပေါင်းလုပ်ဆောင်မည်
May 13, 2013 TZO
yangon-koera

ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ၂၀၁၃ခုနှစ်၊ မေလ ၃ရက်နေ့က ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံ Hankuk တက္ကသိုလ်တို့ နှစ်နိုင်ငံ တက္ကသိုလ်တို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု စာတမ်း လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းသဘောတူညီမှု စာတမ်းတွင် နှစ်နိုင်ငံ တက္ကသိုလ်များအကြား ပညာရေးဆိုင်ရာ အစီအစဉ်များနှင့် သင်ခန်းစာများ ဖံွ့ဖြိုးတိုးတက်စေရန်အတွက် သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် ပညာရေးဝန်ထမ်းများ ဖလှယ်ခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာရေး ခရီးစဉ် တစ်လှည့်စီ သွားရောက်ခြင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယား တက္ကသိုလ်တို့ ပူးတွဲ၍ သုတေသနလုပ်ငန်းများ၊ သင်ခန်းစာ ပို့ချမှုများ၊ သင်တန်းများ ပို့ချခြင်း၊ နှစ်ဦးနှစ်ဖက် စိတ်ဝင်စားသည့် ဘာသာရပ်များတွင် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် လေ့လာရေးနှင့် သုတေသန လုပ်ငန်းများ လုပ်ဆောင်ရန် ကျောင်းသား၊ ကျောင်းသူများ ဖလှယ်ခြင်း စသည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်သည် တက္ကသိုလ်နှစ်ခု၏ ပညာရေးနှင့် သုတေသန လုပ်ငန်းများ၊ ဖံွ့ဖြိုးတိုးတက်မှုအပေါ် အထူးအလေးထား လုပ်ဆောင်လျက် ရှိသည်ကို ဖော်ပြခြင်း ဖြစ်ပါကြောင်း Hankuk University of Foreign Studies၏ဥက္ကဋ္ဌ ပါမောက္ခ Mr. Park Chulက ယင်းအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနသည် Hankuk Universityနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင် သာမကပဲ ဥပဒေဌာနနှင့် ဂျပန်နိုင်ငံ Nagoya Universityတို့ပါ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*