AOC i2367Fh » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

AOC i2367Fh

AOC i2367Fh
May 13, 2013 Admin
AOC-Monitor-i2367Fh

ပြည်တွင်း ဈေးကွက်အတွင်းသို့ မကြာခင် ရောက်ရှိလာတော့မယ့် AOCရဲ့ Modelသစ် အမျိုးအစားတစ်မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါသည်။ AOCရဲ့ 67 Series Monitor အမျိုးအစားဖြစ်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းလေးနဲ့ တွေ့မြင်ရမှာ ဖြစ်ပါသည်။ Screen အကျယ်ကတော့ 23 လက်မ ကျယ်ဝန်းပြီး IPS Display Panel အမျိုးအစားကို အသုံးပြုထားပါသည်။ Monitorရဲ့ Resolutionကို 1920 x 1080အထိ အပြည့်အဝ ရရှိမှာဖြစ်ပြီး Contract Ration အနေနဲ့လည်း 50,000,000:1 (DCR) အထိ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါသည်။

LED Backlight Panel အမျိုးအစားကို အသုံးပြုပေးထားပြီး Powerစား သက်သာစေမှာ ဖြစ်ပါသည်။ Input Connector အနေနဲ့ VGAနဲ့ HDMI 2 Portတို့ကို တပ်ဆင်ထားပါသည်။ Resolution ကောင်းမွန်ပြီး၊ HD Moviesတွေကို အပြည့်အဝ ကြည့်ရှုနိူင်မှာ ဖြစ်ပါသည်။ Monitorကို ပုံမှန်အတိုင်း Stand တပ်ဆင် အသုံးပြုနိုင်သလို Photo Frame ဒီဇိုင်းလေးနဲ့ သုံးချင်တယ်ဆိုရင်လည်း Standကို အလွယ်တကူ ဖြုတ်တပ်လုပ်နိုင်ပါသည်။ Computer အရောင်းဆိုင်များမှာ ဝယ်ယူရရှိနိူင်မှာ ဖြစ်ပြီး အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ Star Universe Company၊ ဖုန်း-430-013ကို မေးမြန်း စုံစမ်းနိုင်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*