အသွင်သစ် အမြင်သစ် ဖြင့် ထုတ်လွှင့်မည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

အသွင်သစ် အမြင်သစ် ဖြင့် ထုတ်လွှင့်မည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား

အသွင်သစ် အမြင်သစ် ဖြင့် ထုတ်လွှင့်မည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား
Mar 25, 2013 TZO
New-Version-MRTV

ပြည်သူ့အတွက် မြန်မာ့အသံဆိုသော ဆောင်ပုဒ်နှင့်အညီ လွတ်လပ်ရေးမရမီကာလကပင် ပြည်သူ့အကျိုးကို ဆောင်ရွက်ခဲ့သော မြန်မာ့အသံသည် နှစ်ပေါင်း (၆၇)နှစ် ကျော်လွန်ပြီးနောက် “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” အဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ခေတ်သစ်စနစ်သစ်သို့ ကူးပြောင်းရောက်ရှိခြင်းနှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည်လည်း အသွင်သစ်၊ အမြင်သစ်ဖြင့် ပြည်သူ့အသံကို ဖော်ထုတ်ပြီး အများပြည်သူ ဝန်ဆောင်မှု ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှု လုပ်ငန်း (Public Service Broadcasting)အဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း၊

၂၀၁၃ခုနှစ် ဧပြီလ ၁ရက်နေ့တနင်္လာနေ့မှစတင်ပြီး ရေဒီယိုလိုင်းများဖြစ်သည့် နေပြည်တော် မြန်မာ့အသံနှင့် ပိတောက်မြေ ရေဒီယိုတို့ကို ပူးပေါင်းကာ ပြည်သူ့အတွက် မြန်မာ့အသံအဖြစ် လှိုင်းလတ် (MW) 711KHzဖြင့် တစ်နေ့လျှင် နေ့စဉ် နံနက် ၅နာရီခွဲမှ ည ၁၁နာရီခွဲအထိ ၁၈နာရီ ထုတ်လွှင့်မည် ဖြစ်ကြောင်း၊ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်ကိုလည်း နံနက် ၆နာရီမှ ည ၁၁နာရီအထိ နေ့စဉ် ၁၇နာရီထုတ်လွှင့်သွားမည် ဖြစ်ကြောင်းနှင့် ပရိသတ်မျိုးစုံအတွက် ယုံကြည်စိတ်ချရသော သတင်းအဖြာဖြာနှင့်အတူ ဗဟုသုတဖြစ်ဖွယ်၊ ပျော်ရွှင်ကြည်နူးဖွယ် အနုပညာ ရသအစုံစုံ ပါဝင်သည့် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များစွာကို ကြိုးစား တင်ဆက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Comments (2)

  1. Core Waves 4 years ago

    Ahot ahot

  2. Aungmung Mung 4 years ago

    တိုင်ကြားနိုင်ရန်
    မည်သူမဆိုအခမဲ့လုပ်အားပေးခိုင်းစေခြင်းသို့မဟုတ်အနိင်ကျုင့်ချိန်းချောက်ခိုင်းစေခြင်းမိမိဆန္ဒမပါပဲနှင့်ခိုင်းစေခြင်းများပြုလုပ်ပါလျှင် yangon@ilo.orgသို့တိုင်းကြားနိုင်ပါသည်။

Leave a reply

Your email address will not be published. Required fields are marked *

*