နိုင်ငံခြားသား ဆရာဝန်များအား လိုင်စင်ဖြင့်လုပ်ကိုင်ခွင့်ပြုမည် » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

နိုင်ငံခြားသား ဆရာဝန်များအား လိုင်စင်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်

နိုင်ငံခြားသား ဆရာဝန်များအား လိုင်စင်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်
Mar 25, 2013 TZO
Foreigner-Doctor-License

မြန်မာနိုင်ငံ၌ ဆေးဝါးကုသမှုလုပ်ငန်းလုပ်ကိုင်ရန် နိုင်ငံခြားသားဆရာဝန်များအား ခွင့်ပြုလိုင်စင်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌပါမောက္ခဒေါက်တာဦးမျိုးမြင့်က ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါလိုင်စင်ကိုတစ်နှစ်သက်တမ်းအထိခွင့်ပြုပေးသွားမည် ဖြစ်ပြီး ပြည်တွင်းဆရာဝန်နှင့် တွဲဖက်လုပ်ကိုင်ရမည် ဖြစ်သည်။ လက်ရှိတွင် နိုင်ငံအတွင်း၌ မှတ်ပုံတင်ပြီး လုပ်ကိုင်နေသူ နိုင်ငံခြားသား ဆရာဝန် ၁၀၀ဦးမျှ ရှိနေပြီး မှတ်ပုံမတင်ဘဲ လုပ်ကိုင်နေသော နိုင်ငံခြားသား ဆရာဝန်များလည်း ရှိပါသည်။

၎င်းတို့မှာ အများအားဖြင့် အချိန်တို ကာလအတွက် လုပ်ကိုင်နေကြသော ကျန်းမာရေးဌာနရှိ အတိုင်ပင်ခံ ဆရာဝန်များ ဖြစ်ပြီး ယင်းဆရာဝန်အရေအတွက် မည်မျှရှိသည်ကို မသိရကြောင်း၊ ယခုအခါ နိုင်ငံခြားသား ဆရာဝန်များကို ကြီးကြပ်သွားမည့် စည်းကမ်းမျိုး ရှိလာပြီ ဖြစ်ကြောင်း ပါမောက္ခဦးမျိုးမြင့်က ဆက်လက်ပြောကြားပါသည်။ မြန်မာနိုင်ငံ ဆေးကောင်စီ အနေဖြင့် ဆရာဝန်များ၏ အရည်အသွေး၊ လူနာများ၏ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေး စသည်များကို ထည့်သွင်း စဉ်းစားထားမည် ဖြစ်ပြီး ဥပဒေအရလည်း ၎င်းတို့အား အကာအကွယ် ပေးသွားမည် ဖြစ်ကာ ထိုသို့ ခွင့်ပြုပေးရာတွင် စည်းကမ်းနှင့်အညီ စံနှုန်းထားများလည်း ရှိနေမည် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*