တရုတ်နိုင်ငံတွင် မိုဘိုင်းဖုန်းများမှ လေထုညစ်ညမ်းမှု ပမာဏကို စတင် တိုင်းတာ စစ်ဆေးနေပြီ » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

တရုတ်နိုင်ငံတွင် မိုဘိုင်းဖုန်းများမှ လေထုညစ်ညမ်းမှု ပမာဏကို စတင် တိုင်းတာ စစ်ဆေးနေပြီ

တရုတ်နိုင်ငံတွင် မိုဘိုင်းဖုန်းများမှ လေထုညစ်ညမ်းမှု ပမာဏကို စတင် တိုင်းတာ စစ်ဆေးနေပြီ
Mar 11, 2013 Admin
barometric

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ဆဲလ်ဖုန်းများကို အသုံးပြုရာတွင် လေထုတွင်း အဆိပ်သင့် ဓါတ်ပစ္စည်း ပါ၀င်မှုပမာဏကို တိုင်းတာ စစ်ဆေးနိုင်ပြီ ဟုသိရသည်။လက်ရှိတရုတ်နိုင်ငံကရှန်ဟိုင်းမြို့အပါအ၀င်အခြားသောမြို့များ၏လေထုအတွင်း၌PM 2.5ဟုဆိုသောအန္တရာယ်ရှိပြီး သေးငယ်သည့် ဒြပ်မှုန် သိပ်သည်းဆ ပမာဏ မြင့်တက်လာနေသည် ဖြစ်သောကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ လေထုအတွင်း ပျံ့နှံ့လျက်ရှိသည့် အဆိုပါ ဒြပ်မှုန်များကို ကားအင်ဂျင်မှ ထုတ်လွှတ်လိုက်သော အခိုးအငွေ့များနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော မီးခိုးငွေ့များမှာလည်း တွေ့နိုင်သည်ဟု သိရသည်။

အဆိုပါ လေထု အဆိပ်သင့် ဒြပ်မှုန် ပါ၀င်မှု ပမာဏနှင့် ပတ်သက်ပြီး ပြောင်းလဲမှုများကို သိရှိစေနိုင်ရန် စနစ်သစ်တစ်ခုကို ရှန်ဟိုင်းမြို့တွင် မိတ်ဆက် ပေးခဲ့ပါသည်။ ဆဲလ်ဖုန်းနှင့် စမတ်ဖုန်း အသုံးပြုသူများ၏ Website တစ်ခုကို အသုံးပြုပြီး လေထုညစ်ညမ်းသည့် ပမာဏကို တိုင်းတာ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Website အသုံးပြုသူများ၏ Mobile Screenပေါ်မှာ ရုပ်ပုံများ ကိုယ်စားပြု ပြသပြီး ၎င်းတို့၏ ဆံပင် အရောင်များနှင့် မျက်နှာအမူအရာများကို လေထုညစ်ညမ်းမှု ပမာဏ အတိုင်း ပြောင်းလဲ ဖော်ပြပေးမည် ဖြစ်ပါသည်။ တရုတ် နိုင်ငံအတွင်း လေထုညစ်ညမ်းမှု အခြေအနေသည် တစ်နှစ်ထက် တစ်နှစ် ပိုမို ဆိုးရွား လာလျက် ရှိပြီး တရုတ်အစိုးရကလည်း အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြောင်း သိရပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*