LG Electronic Incမှ သူတို့ရဲ့ Full HD Screenပါဝင်တဲ့ Smart Phone အသစ်တစ်လုံးဖြစ်တဲ့ LG Optimus G Proကို ဂျပန်မှာ ဖြန့်ချိမယ့် ဧပြီလ မတိုင်ခင် တောင်ကိုရီးယားမှာ ဖြန့်ချိမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ LG Optimus G Proဟာ 5.5inch Full HD Screenနဲ့ ဖြစ်လို့ အခြား Smart Phone တော်တော်များများထက် ရုပ်ထွက် သိသိသာသာ ပိုမို ကောင်းမွန်မှာ ဖြစ်ပါတယ်။ Android Phone တစ်လုံးဖြစ်ပြီး Full HD Videoတွေ ရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယား ဖုန်းကုမ္ပဏီတွေအပြင် Sony, HTCစတဲ့ ဖုန်းထုတ်လုပ်သူတွေဟာလည်း HD Screenနဲ့ Smart Phoneတွေကို ဒီနှစ်ထဲမှာ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပြီ ဖြစ်ပါတယ်။ Full HD Screenတွေဟာ Televisionတွေမှာ အသုံးများပေမယ့် Smart Phoneတွေမှာတော့ ဒီနှစ် အတွင်းမှာမှ စတင် အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

LGရဲ့ တာဝန်ရှိသူတွေကတော့ ဒီ Optimus Seriesတွေကို ရောင်းအား မြှင့်တင်ပြီး ယခင်နှစ်များမှ ကုမ္ပဏီ၏ စီးပွားရေး အရှုံးပေါ်မှုများကို ပြန်လည် ဦးမော့လာစေရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ Optimus G Proကို တောင်ကိုရီးယားမှာ USD 894နဲ့ ရရှိနိုင်မယ်လို့လည်း သိရပြီး လာမယ့် အပတ်အတွင်း ဘာစီလိုနာမြို့မှာ ကျင်းပမယ့် Mobile ပြပွဲမှာလည်း ပြသသွားမယ်လို့ သိရပါတယ်။
ကမ်ဘာ့ နံပါတ် (၃) ဖုန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ LGဟာ ၂၀၁၂ခုနှစ် အတွင်းမှာ Samsung, Nokia, Appleနဲ့ ZTEတို့ရဲ့ နောက်က ဖြစ်ခဲ့တယ်လို့ ဈေးကွက် လေ့လာရေးအဖွဲ့ IDCရဲ့ ပြောကြားချက်အရ သိရပါတယ်။