အခုတလော လူတွေကို အင်တာဗျူး ရတာ အတော် စိတ်၀င်စားနေတဲ့ မနော တစ်ယောက် နေပြည်တော် ခဏလေး သွားတော့လည်း ပလောင်တွေရဲ့ ဘ၀နေနည်း၊ ဘယ်အသက်မှာ လည်ပင်း ကွင်းတွေ စွတ်ရတာလဲ။ ဘယ်ချိန်မှာ ရပ်လဲ။ ဘယ်အသက် ပိုင်းခြားအလိုက် ဘယ်လို နေမှုထိုင်မှုတွေ လုပ်သလဲနဲ့ သွားရောက် စပ်စုမိပြီးသကာလ၊ နောက် ထပ် စပ်စုမိတာကတော့ သငေ်္ဘာပေါ်မှာ ဘယ်လို အတွေ့အကြုံတွေနဲ့ ပင်လယ် ပြင်ကို ဖြတ်သန်းနေလဲ ဆိုပြီး ခင်မင်ရတဲ့ သငေ်္ဘာသား တစ်ယောက်ကို အခုလက်ရှိ အခြေအနေလေးတွေ မေးမြန်း ဖြစ်ခဲ့ပါ တယ်။ သိရပြန်တော့ သူတို့ရဲ့ဘ၀က တကယ့်ကို ပင်လယ်နဲ့ အမြဲရင်ဆိုင်နေပြီး အသက်ကို အပ်နှံထားရပါလားလို့ ခံစား မိပါတယ်။ အရင်တုန်းကတော့ သငေ်္ဘာသားတွေ ကမ်းပေါ် နားပြီဆိုရင် ဟို ယောင်ယောင်၊ ဒီယောင်ယောင် လျှောက်သွားနေလို့ ပြောခဲ့သေးတာပဲ။ နောက်တော့မှ သူတို့ရဲ့ဘ၀ဟာ ပင်လယ် ပြင်မှာ ဘ၀မျိုးစုံ ကျင်လည်ခဲ့ရတာပါလား လို့ သိလာရတယ်။ အခုလည်း မနေ့က သူတို့ရဲ့သငေ်္ဘာပေါ်က အတွေ့အကြုံလေး တွေ၊ မေးမြန်းခဲ့တာလေးတွေကို တင်ပြ လိုက်ပါတယ်။

စကားစမြည် ပြောရင်း သငေ်္ဘာပေါ်မှာ ဘယ်လိုနေရလဲ။ ဘယ်အပိုင်းတွေ လုပ်ရ လဲ။ လူ ဘယ်နှယောက်ရှိလဲ။ မစ္စစ္စပီမြစ်ထဲ ရောက်နေတဲ့ အချိန် မေးမြန်းခဲ့တာလေးပါ။
မနေ့ တစ်နေ့ကပေါ့ အစ်မ နေ့ခင်းကလို့ ပြောရမှာပဲ၊ ကျွန်တော် Duty လူစား၀င်ရ တာလေ၊ ချက်ချင်းကြီး အရေးပေါ် Alarm ပေးလို့ ပြေးရတာ၊ ဘယ်သူဌေးရဲ ့ Jetty လည်း မသိပါဘူးဗျာ ပြုတ်ပြီး မျောပါ လာတာ။ Raderမှာ ပုံစံ မတိကျသော Subject ပေါ်လာလို့ ဆိုပြီး Phoneနဲ့ ခေါ်တာလေ။ တစ်ညလုံးဗျာ သငေ်္ဘာဦးမှာ ညကြည့် Binoculor တပ်ပြီး နေရတာ။ မိုးကရွာ၊ လေက တိုက်နဲ ့ (၇)ယောက်လုံး တုန်နေတာပဲ။ အဲ့ဒါကြီး မှန်ဘီလူးထဲ မြင်ရပြန်တော့လည်း Rescue Boatထဲ ဘယ်သူမှ ရုတ်တရက် မ၀င်ကြဘူး ဘာမှန်းမသိလို့ လန့်နေကြတာလေ။ ကျွန်တော်လည်း ကြောက်တာပဲ ရေစီးထဲမှာ Styleမျိုးစုံနဲ့ လာနေတာလေ။ Movie ကြည့်နေရတာမှ မဟုတ်တာ။ ဒီကြားထဲ Coast Guardက စက်နဲ့ ပြောသေးတယ်။ (သူတို့ လာနေပြီ ပူးတွဲ လုပ်ဆောင်ပါ။ Subjectက ကြီးတယ် ရွေ့လျားမှု ပုံစံ မမှန်လို့ ဘာညာပေါ့ဗျာ) သတိပေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော်က Team Leaderလေ။ Duty အစား၀င်တာ ဟုတ်သည် ဖြစ်စေ၊ မဟုတ် သည် ဖြစ်စေ Order မပေးနိုင်ရင် ခေါင်းဆောင်ပြီး မလုပ်နိုင်ရင် ကျွန်တော့် ရဲ့Majour Subjectမှာ ကျဖို ့သေချာပြီလို့ တွေးမိတယ်။ ကြောက်စိတ်ကို ဟန်ဆောင် ပြီး Rescue Boatပေါ်တက်ပြီး ခေါင်းထဲ ပေါ်လာတာတွေ ပြောလိုက်တာ ဟုတ် တော့၊ ဟုတ်သွားတာပဲ နားလည်ကြတယ်။ မိန်းကလေး (၂)ယောက်၊ (၁)ယောက်က Boatကို ရေထဲချပေးဖို့ Crane Control နားကို ပြေးတယ် နောက်တစ်ယောက်က ဆက်သွယ်ရေး စကားပြောစက်ကို Bridgeနဲ ့ ကယ်ဆယ်ရေး အဖွဲ့ကြားမှာ နေပြီး ဆက်သွယ်ပေးဖို့ ပြင်တယ်။ Boatပေါ်မှာ ကျွန်တော် အပါအ၀င် ယောက်ျားလေးက (၃) ယောက်၊ မိန်းကလေးက (၂)ယောက်၊ သငေ်္ဘာပေါ်မှာ မိန်းကလေး (၂)ယောက် ဆိုတော့ Team (၇)ယောက်၊ လူပြည့်ပြီ လေ။ Order ပေးပြီး Rescue Boatကို ရေထဲ ချခိုင်းတဲ့ အခိျန်မှာ Bridge Windကနေ Search Lightန့ဲ မီးထိုး ပေးထားတယ်။ မာလိန်စင်က အရာရှိတွေ ရော Trainingလာတက်တဲ့ Officer Cadetတွေပါ အလုပ်ရှုပ်နေသလို သူတို့ထဲက အတွေ့အကြုံရှိတဲ့ လူကြီး လိုက်မယ် စောင့်ပါလို ့P.A.System နဲ့ ပြောတယ်။ ကြားတော့ ကြားတယ်၊ ဒါပေမယ့် Rescue Boatရဲ့ Engineအသံ၊ မိုးသံ၊ ရေလှိုင်းသံတွေနဲ့ နား မရှင်းဘူးလေ။ မလုပ်ဖူးတဲ့ဟာကို လုပ်ရတော့ ကြောက် နေတာလဲ ပါတာပေါ့ဗျာ။Line ကြိုး ဖြုတ်ပြီးတာနဲ့ သငေ်္ဘာဘေးက ခွာပြီး အမှောင်ထဲ မောင်းမှ ပိုလန့်လာတယ်။
အဲဒါနဲ့ပဲ Full Aheadလို့ အမိန့်ပေးပြီး မောင်းခိုင်းပြီးသွားတာ နာရီ၀က် နီးနီးမှ ရောက်တယ်ဗျာ။ သဲသဲကွဲကွဲ မြင်ရမှ ကြည့် လိုက်တော့ ဘာကြီးထင်လဲ၊ ဇိမ်ခံ Speed Boatတစ်စီးက မှောက်ခုံ ဖြစ်လိုက်၊ ဒေါင်လိုက်၊ ပက်လက်၊ သူနဲ ့တွဲနေတဲ့ ဆိပ်ခံ တံတားကလည်း သူ့ကို ကိုင်ပေါက် နေသလို လိမ့်လာနေတာ။ ငြိမ်ပြီး မျောတဲ့ အခါ မျော Speed Boatကို ကိုင်ပေါက်တဲ့ အခါ ပေါက်နဲ့လေ။ Speed Boatက ပေ (၃၀)လောက်၊ တံတားက (၂၅)ပေကျော် လောက် ရှိမယ်။ ဘာလုပ်ရမယ်မှန်း မသိဘူး။ သူ့ရှေ့ကလည်း မနေရဲတာနဲ့ ဘေးကနေ ဦးတည် မောင်းခိုင်းပြီး ကပ်ရတယ်။

စဉ်းစားလို့ရတာလဲ ဒါကြီးကို ကမ်းဘက် ဆွဲသွားဖို့ပဲ။ နောက်လှည့် ကြည့်တော့ Rescue Boat မောင်းတဲ့ ကောင်ကို ဖယ်လိုက်ရင် Leaderက ကျွန်တော်၊ နောက်လိုက်က မိန်းကလေး (၃)ယောက်၊ ကျွန်တော် ဗမာလို ညည်းဆဲ ဆဲမိတယ်။ ငိုချင်၊ ရီချင်လည်း ဖြစ်သွား တယ်။ ဒါတွေနဲ ့ ဒီလို အချိန်မှာ မြိုင်ထ ကရ မလိုဘဲဗျာ။ စဉ်းစားကြည့်ပါ ကျွန်တော့် နေရာကနေပြီး။ မထူးတော့ တာမို ့ Life Jacketကို ၀တ်ထားတာ သေချာအောင် စစ်၊ ခါးမှာ Life Line ကြိုးကို ချည်ပြီးတာနဲ့ သူတို့ကို You All Back Up To Me And Sand The Message To The Mother Ship. I Will Try To Tie The Line To The Jetty Smallest Part. If I Can, You All Try To Reach That To The River Bank. You, Watch The Line Rope And You, Watch The Thing That And Back Up To Me. And You, Detail Report To Mother Boat. And You Drive The Boat Up Side Of The Thing. Do You All Understand…??? ခပ်တည်တည်ပဲ Order ထုတ်ပေးတာ။ တစ်ယောက်မှ မခံဘူး ပြန်အော်တယ်။ YES SIR!!တဲ့။ Yes Sir ရောင်းကြမှာပေါ့ သေရင် ကျွန်တော် အရင်သေပေါ့။ ရေစီး အထက် ဘက်လည်း ရောက်ရော Emergency ဖြစ်လာခဲ့ရင် ကြိုးကို ဖြတ်ပစ်ဖို့ ထပ်မှာပြီး ရေထဲ လျောဆင်းနေပြီး သရဏဂုံ တင်နေ လိုက်တယ်။ အောက်ကနေ ဘယ်ငါးလာ ဆွဲမလဲ ဆိုပြီးလည်း တွေးမိသေးတယ်။ ရေကလဲ လွှတ်အေးတာ။ Diver Suit တပ်ထားတာတောင် အေးတာ။ အခြေအနေ ကောင်းတာန့ဲ တံတားရဲ့ အသေးဆုံး နေရာကို ကူးသွားတယ်။

Life Jacketက ဖော့ပေးထားတော့ ရေမကူး တတ်လည်း အေးဆေးပဲလေ။ မှောက် စောင်းစောင်းဖြစ်နေတဲ့ Speed Boatက Fiber Bodyဆိုတော့ မျောတာ မြန်တာပေါ့။ လေးတဲ့ တံတားက နောက်မှာ ကျန်နေ တဲ့အချိန် ဖမ်းဆွဲတာ ရေစီးကြောင်း မြောက်ပါသွားတာ ခါးက ကြိုးကို ဖြုတ် ချည်ဖို့ မပြောနဲ့ အောက်ပြန် မကျအောင် မနည်း ကိုင်ထားရတယ် ။ Body Weightက တံတားကို အောက်ပြန်ကျအောင်အထိ မရှိတော့ ရေတစ်၀က်၊ လေတစ်၀က်နဲ ့ ဇော်ကန်လန့် ဖြစ်နေတာလေ။ ပြန်ခုန်ချ ရင်လည်း အရှိန်နဲ့ တံတားအောက် ၀င်သွားရင် သေမှာလေ။ တော်တော် ကြာတော့ အောက်ကနေ ခြေထောက်ကို ခိုဆွဲချရင်း တစ်ယောက် ရောက်လာ တယ်။ သူက ကျွန်တော့်ကို ခိုနင်းရင်း တံတားကို ကူပြီးခိုမှ တံတားက ရေထဲ ပြန်ကျ တာနဲ့ နှစ်ယောက်သား တံတားပေါ်တက်၊ ကြိုးချည်ပြီး Boatကို အချက်ပေးပြီး ကမ်းဘက်ကို ဆွဲခိုင်းရတယ်။ အဆင်ပြေ တာနဲ့ မင်းဘာလ့ို လိုက်လာတာလဲ အမိန့် ကို နားမလည်လို့လား မေးတော့ မရွေှချော က ပြန်ပြောတယ်ဗျ။ One Will Be Dead, Two Must Be Alive. Now, We Are In Same Colorတဲ့ သူလာကူလိ့ု အဆင်ပြေ တာမို့ ဘာမှ အပြစ်ပြောမနေတော့ဘဲ နေလိုက်တယ်။ အဲဒီအချိန်မှာ Coast Guardက Speed Boatတွေ Diver (၄)ယောက်စီနဲ့ ရောက်လာပြီး ရေထဲ ဆင်း နေကြ၊ ကြိုးတွေ လာချည်နေကြတယ်။ ပြီးတော့ ကမ်းဘက်ကို ကူဆွဲဖို့လေ။ ကျွန်တော်တို ့ Traning Shipကလည်း တစ်စီးလုံး မီးတွေ ထိန်နေအောင် ဖွင့်ပြီး မြစ်လည်မှာ စောင့်နေတယ်။ ကျွန်တော်တို့ (၂)ယောက်လည်း အဲဒီ အခြေအနေရမှပဲ ယဉ်ကျေးမှုအရ နာမည် ပြောကြ၊ မိတ်ဆက်လိုက်ကြတယ်။ သူ ဖွက်ယူလာ တဲ့ ဆေးလိပ်ကို မျှသောက်ပြီး မြစ်လယ် ရေစီးက လွတ်ကာနီး ရေစီးအပြောင်းမှာ ပြဿနာ ဖြစ်တာပဲ ရေစီးအပြောင်း အလေးချိန်ရှိအောင် ကျွန်တော်တို့ နှစ်ယောက် ဖိထိုင်ထားတဲ့ ဘက်က မြောက်တက်သွားပြီး တစ်ပတ်လိမ့်တာ ကျွန်တော်က အပေါ်ဘောင်ကို ပြန်ဖမ်း ကိုင်ထားမိတော့ တံတားက ကျွန်တော့်ကို ပိတာနဲ့ ရေအောက်ကနေ ချက်ချင်း ဆွဲထွက်လိုက်နိုင်တယ်။ သူ့ကိုကြည့်တော့ မတွေ့တော့ဘူး။ Coast Guardက မီးရောင်ထဲလည်း မတွေ့၊ တံတားပေါ် ပြန်တွယ် တက်တော့မှ တံတားအောက်က Life Jacketက ရောင်ပြန်ကြောင့် တွေ့တာ။ တံတားက အပေါ်က ပိနေသလို Life Jacketက သူ့ကို ပင့်တင်ထားတာရယ်၊ ရေစီးက ထွက်မရအောင် လုပ်ထားသလို ဖြစ်ကုန်တာလေ။ အဲဒီ အချိန်အထိ သူ အသက်အောင့် ထားနိုင်သေးတယ်။ ကျွန်တော်လည်း ချက်ချင်း ပြန်ဆင်းပြီး သူ့ခြေထောက်မိတာန့ဲ ဆွဲထုတ်တာပဲ မရဘူး။ Coast Guardက Diver ပါ၀င်ဆွဲမှ ရတယ်။ တံတားပေါ် ဆွဲတင်ပြီး First Aid လုပ်ပေးတော့ (၁)မိနစ် မပြည့်ဘူး ရေတွေ အန်၊ ချောင်းတွေ ဆိုးလာတော့ Okay ပြီပေါ့။ ဆက်ပြီး နှာတွေပါ ချေတော့မှ သွေးက ဖြာကနဲ နှာခေါင်းကရော ပါးစပ်ကပါ ထွက်လာတော့ လန့်သွားတယ်။ ဒါပေမယ့် (၁၀)ကြိမ်လောက် ဖြစ်ပြီး သတိ လည်လာတယ်။ Coast Guardက လူကလည်း Take Her Back To Your Mother Boatလို့ ပြောရင်း ကျွန်တော်တို့ရဲ့ Boatလေးပေါ် ပြန်တင်ကူပေးတယ်။ မချောက မလည်တလည်နဲ့ မေးသေးတယ်။ Are We Success?တဲ့။ နောက် (၅)မိနစ် လောက်နေတော့ စက်ရှိန် မှေးထားပြီး စောင့်နေတဲ့ Mother Shipရဲ့ ဆလိုက် မီးရောင်အောက်မှာ ကြိုနေသူတွေ အပြည့်နဲ့ပေါ့။

အခုတော့ Red India, Moshaeလူမျိုးစု ကောင်မလေး (Trainee Officer Cadet/ Pilot လောင်းလျာလေး)က သငေ်္ဘာပေါ်က ဆေးခန်းမှာ အခြေအနေ တိုးတက်စွာဖြင့် ကုသမှု ခံယူရင်း အနားယူနေပါတယ်။ မြန်မာလူမျိုး (Trainee Officer Cadet/ General Safety Officer/2nd Mate Promote To SLOT Tanker Co; United Kingdom အမလေးလေ ကိုယ့်အမြီးကိုယ် ဒီလောက် ရှည်မှန်းမသိဘူး တက်နင်းမိ မှာတောင် ကြောက်ရသေးတယ်) တောင် မရောက်၊ မြောက် မရောက်လေးကတော့။ သြော်၊ မေ့နေလို့ မရှင်းတာရှိရင် နောက်နေ့မှ ပြန်မေးနော်။ အိမ်သာတွေ သွားဆေးရဦးမယ်။ တာ၀န်နဲ့ သူ့ကို မေးရတာလည်း အားတဲ့ အချိန်လေး ပြောပြရှာပါတယ်။ အခုလက်ရှိကိုလည်း Second Mateသင်တန်းကို အွန်လိုင်း က တက်နေတဲ့ လူငယ်လေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အလုပ်တာ၀န်ကိုလည်း ကြိုးစားလုပ်ပြီး တစ်ဖက် တစ်လမ်းက ပညာသင် နေတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့တာ၀န် မဟုတ်ဘဲ သူများတာ၀န် အစားထိုး လုပ်ပေးတာတောင် အခုလို ဖြစ်တော့ သူ့ကို အပြစ် ပေးပါတယ်တဲ့။ အပြစ်ကတော့ အိမ်သာဆေးဖို့ (၄) ရက် အမိန့် ချမှတ်ပါတယ်တဲ့။ သငေ်္ဘာသား လုပ်ရတာလည်း တကယ် မလွယ်ပါလားလို့ သဘောပေါက်မိပါတယ်။ ဘ၀ဆိုတာ ဘယ်နေရာ ရောက်ရောက် ရုန်းကန်နေ ရပါလားလို့ မနော တွေးနေ မိပါတော့တယ်။

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။