(၇၊၁၊၂၀၁၃) နေ့ကမဒမ်ဘအေးတို့ ကျောင်းမှာဆရာတော်အရှင်ဇ၀န၊ မေတ္တာရှင်(ရွေှပြည်သာ)မှတရားပွဲလေးလာလုပ်ပါတယ်။ ကျောင်းက နှစ်ချိန် ကျောင်း၊မဒမ်ဘအေးက နေ့လည်ချိန်တရားပွဲလုပ်မှာလည်းမသိဘူး။
ကျောင်းရောက် သွားတော့ တရားပွဲက ပြီးခါနီးပြီ။ ဆရာတော်ကို ဆွမ်းကပ်ဖို့ လုပ်နေ ကြပြီ။ ဆရာတော်က ကျောင်းကဆရာ၊ ဆရာမ တွေကို သူ့စာအုပ်လေးတွေ ဓမ္မဒါနေ၀ ပေးပါတယ်။
ဆရာတော့်စာအုပ်လေးတွေက အဖုံးအပြင်အဆင်နဲ့ စာရွက်စာသား ကောင်းတယ်၊ ပုံနှိပ်စာလုံးတွေက ရှင်းလင် းပြတ်သားတယ်။ ကြည့်လိုက်တာနဲ့တင် ဖတ်ချင်စရာကောင်းတယ်။
မဒမ်ဘအေး ရခဲ့တ့့ဲစာအုပ်လေးက ၂၀၁၂ခုနှစ်၊ နို၀င်ဘာလထုတ်၊စာရိတ္တပြိုင်ပွဲဆိုတဲ့ စာအုပ်လေး။ ဆရာတော်ရဲ့ထုတ်ေ၀ပြီးစာအုပ်များစာရင်းအရ အုပ်(၅၀) မြောက်ဖြစ်ကြောင်း တွေ့ရပါတယ်။
ရွေှရတုစာအုပ်လေးပေါ့။

ကိုဘအေးက တစ်နေကုန်အိမ်မှ ာ ရှိပေမယ့် TV မကြည့်ဘူး။ စာဖတ်နေတာ များတယ်။ သတင်းစာဆိုလည်း နာရေးပါ မကျန်ဖတ်တာ။ ဂျာနယ်တစ်စောင် လုံး ပုဒ်မပါမကျန်ဖတ်တယ်။
လုံးချင်းတွေ၊ မဂ္ဂဇင်းတွေတော့ သိပ်မဖတ်ဖြစ်ဘူး။ အငှာဆိုင်သွားရမှာ ပျင်းလို့။ ကိုယ်ဖတ် ချင်တဲ့စာအုပ်မျိုးလည်း မရှိတတ်ဘူး။ တစ်ခါတစ်လေသွားရင်းလာရင်းနဲ့ စာအုပ်အဟောင်းတွေ ဂျာနယ်အဟောင်း လေးတွေ ဈေးပေါပေါနဲ့၀ယ်ဖတ်ဖြစ်တယ်။ အခုလိုဖတ်စရာစာအုပ်လေး ရလာတော့ ကိုဘအေး၀မ်းသာသွားတယ်။ အစား ကောင်းစားရရင် ကိုယ်ရဲ့ချစ်တဲ့ခင်တဲ့
သူတွေကိုသတိရတတ်သလိုပဲစိတ်ရဲ့အာဟာရဖြစ်တဲ့စာကောင်း ပေမွန်တွေဖတ်ရတဲ့အခါကျတော့ ပြန်ပြီးShareလုပ်ချင်တဲ့ဆန္ဒလေးဖြစ်မိတာပါ။

စာရိတ္တပြိုင်ပွဲဆိုတဲ့စာအုပ်လေးရဲ့အမည်အတိုင်းပဲလူတွေရဲ့စာရိတ္တ တွေအကျင့်စရိုက်တွေကိုတစ်ဘ၀သာမက နောင်သံသရာမှာပါ ကောင်းအောင်ပြုပြင်နေထိုင်သွားကြဖို့ ဥပမာ သာဓကတွေနဲ့ သင်ခန်းစာပေး ပြောပြသွားတာပါ။ ဖတ်ဖူးတဲ့သူတွေရှိသလို၊မဖတ်ရသေးတဲ့သူတွေလည်း ရှိမှာပါ။ ကိုဘအေး အနေနဲ့ သဘောကျမိ်တဲ့ အချက်လေး တွေကိုပဲ အနည်းအကျဉ်းမျှသာ တင်ပြမှာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ရင်တော့ စာအုပ် ကိုရှာဖတ်စေချင်ပါတယ်။

မှတ်သား နာယူစရာတွေ အများကြီးပါပါတယ်။စာအုပ်စီစဉ်သူရဲ့အမှာထဲမှာပဲ သဘောကျစရာတစ်ခုအရင်တွေ့ပါတယ်။ မြန်မာနိုင်ငံသားတိုင်း ငါးပါးသီလ စောင့်ထိန်းခြင်းဖြင့် ကိုယ်ကျင့်တရားကောင်းမွန်လာကြစေလိုတဲ့ ဆန္နနဲ့ဒီစာအုပ်ကိုထုတ်ေ၀ရခြင်းဖြစ်ကြောင်း။ မြန်မာနိုင်ငံသား အများစုရဲ့အကျင့်စာရိတ္ တဘယ်လောက်ချို့ယွင်းပျက်စီးနေသလဲ ဆိုတာကိုသရော်ထားတဲ့ လွန်ခဲ့တဲ ့ငါးနှစ်ခန့်ကကြည့်ခဲ့ရတဲ့ အငြိမ့်ပျက်လုံးတစ်ခုကိုအမှတ်ရနေသေးကြောင်း၊ နိုင်ငံခြားသားမိတ်ဆွေနှစ်ဦး လေယာဉ်နဲ့ ခရီးထွက်လာစဉ် တစ်ဦးကပြော ကြောင်း၊ စဉ်းစားတွေးခေါ်တဲ့နေရာမှာ သူဘယ်လောက်တော်သလဲဆိုရင် လေယာဉ်ပြတင်းပေါက်ကနေလက်ထုတ် ကြည့်လိုက်တာနဲ့ ဘယ်နိုင်ငံရောက် နေပြီဆိုတာအတတ်ပြောနိုင်ကြောင်း၊လေယာဉ်ပြတင်းကနေ လက်ထုတ်ကြည့် ပြီးတာနဲ့ လက်ကိုပြန်နမ်းကြည့်လို့ မဆလာနံ့ရနေပြီဆိုရင်အိန္နယနိုင်ငံ ရောက်နေပြီဆိုတာ သိလိုက်ကြောင်း၊နောက်တစ်နေရာရောက်လို့ လက်ထုတ်နမ်း ကြည့်လိုက်တာနဲ့၀က်သားနံ့ရနေပြီဆိုရင် တရုတ်ပြည်ပေါ်ရောက်နေပြီ၊ နောက်တစ်ခါလက်ထုတ်ကြည့်လိုက်လို့ ရေနံဆီနံ့ရတာနဲ့ အီရတ်မြေပေါ် ရောက်နေပြီဆိုတာ တန်းသိကြောင်း၊ ဒါပေမယ့်တစ်နေရာရောက်လ့ိုလက်ထုတ်ကြည့်ပြီးလက်ပြန်အရုတ်မှာဘာအနံ့မှမရတဲ့အပြင်ပတ်ထားတဲ့နာရီတောင်ပါမလာတာ့ကြောင်း ၊ဒါနဲ့တစ်ဦးကဒါဆိုရင် ဘယ် နိုင်ငံရောက်နေပြီဆိုတာ မသိတော့ဘူးပေါ့ လို့မေးတဲ့အခါ ဘယ်လိုပြန်ဖြေသလဲဆိုတာ သိတာပေါ့တဲ့၊ မြန်မာပြည်ပေါ် ရောက်နေပြီ ဆိုတာ သိလိုက်ပြီတဲ့။

ဒါဟာ ပျော်စေ၊ပျက်စေဟာသတစ်ခုအနေနဲ့ပြောဆိုတာဖြစ်ပေမယ့် ဒီပြက်လုံး ဟာ မြန်မာနိုင်ငံမှာ စာရိတ္တ ပျက်ပြား နေတာကို မီးမောင်းထိုးပြထားတာ ဆိုရင် မမှားဘူးလို့ စီစဉ်သူက ဆိုပါတယ်။ ဆရာတော်ဟာ တစ်ခါက စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ်ထဲက ဘုန်းတော် ကြီးသင် အလယ်တန်း ကျောင်းလည်း ဖွင့်ထားတဲ့အင်ကြင်းပင်စာသင်တိုက်မှာ တရားပွဲသွားလုပ်ပါတယ်။ တရားဟော အပြီးမှာ ကျောင်းသားကျောင်းသူများကို သိချင်တာ မေးခွင့်ပြုတဲ့အခါ မေးခွန်းတွေ အများကြီးအထဲက ခုနှစ်တန်းကျောင်းသူ လေးတစ်ယောက်မေးတဲ့မေးခွန်းက စိတ်၀င်စားဖွယ််ကောင်းလှပါတယ်။ကျောင်း သူလေးမေးထားတာက ဆရာတော်ဘုရား မြန်မာပြည်သူတွေဟာ ဗုဒ္ဓဘာသာဖြစ် ပါလျက် ဘာဖြစ်လို့ ကမ်ဘာပေါ်မှာ အဆင်း ရဲဆုံး ဖြစ်နေရတာလဲဘုရား။ အမေရိကန်၊အင်္ဂလန် စတဲ့နိုင်ငံတွေက ဘာသာခြား (ခရစ်ယာန်ဘာသာ၀င်) တွေဖြစ်နေပါလျက် ကမ်ဘာမှာအချမ်းသာဆုံး ဖြစ်နေရတာလဲဘုရားလို့ ဖြစ်ပါတယ်။

ဆရာတော်က မီးအလောင်ဆုံးနိုင်ငံလို့ အပိုဒ်ခေါင်းစဉ်လေးတပ်ပြီး ဟောဒီလိုရေး ထားပါတယ်။ ဗုဒ္ဓကခိုးသောသူ ဆင်းရဲမည်။ မခိုးသောသူ ချမ်းသာမည် ဟုဟောထားရာ မြန်မာများတွင် ခိုးသောသူများသောကြောင့် ဆင်းရဲခြင်းဖြစ်သည်။ ဥရောပနိုင်ငံအများစုသည်မခိုးသောကြောင့်ချမ်းသာကြခြင်းဖြစ်သည်။ ဗုဒ္ဓက ဆက်ဟောရာတွင် ခိုးတတ် သောသူ၏ ဥစ္စာစည်းစိမ်များကို မီး၊ရေ၊မင်း၊ခိုးသူ၊အမွေခံဆိုး၊ဟူသောရန်သူမျိုးငါးပါးက ဖျက်ဆီးမည်ဟူ၍ဖြစ်၏။ မြန်မာ ပြည်တွင် (၂၀၁၀) ခုနှစ်က မီးလောင် သောအကြိမ် ပေါင်း တစ်ထောင့်တစ်ရာကျော်ခဲ့သည်။ အပေါ်ယံကြည့်လျှင်ကား ပေါ့ဆမီး၊ ရှို့မီး တစ်ခုခုပင်ဖြစ်၏။ နက်နဲစွာကြည့်လျှင်ကား ခိုးတတ်သူများသောကြောင့် မီးလောင်ရ ခြင်းဖြစ်၏။ အိမ်ခြေတစ်ထောင်ရှိသော ရပ်ကွက်မီးလောင်ပြာကျသည်။ ဆိုင်ခန်း တစ် ထောင်မီးလောင်ပြကျသည်ဟုဆိုရာ၌ အားလုံးခိုးတတ်သည်ကားမဟုတ်။ အိမ်ခြေတစ်ထောင်တွင် ကိုးရာက ခိုးတတ် သည်။ ဆိုင်ခန်းတစ်ထောင်တွင် ကိုးရာက ခိုးတတ်သည်ဆိုလျှင် ထိုရပ်ကွက်၊ ထိုဆိုင် ခန်းမှာ မီးလောင်မှာ သေချာပေသည်။ မီးများမီးနိုင်ဟု ဆိုထားသည်မဟုတ် ပါလော။

ဆက်လက်ပြီး ဆရာတော်က ဥပမာ တစ်ခုပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ ဈေးကြီးတစ်ဈေးအပေါ်ဆုံးထပ် ဆိုင်ခန်း များကို မီးလောင်ရာ ဆေးပစ္စည်း များကျပ် ငွေ ကုဋ္ဋနှင့်ချီ၍ မီးလောင်ပျက်စီးခဲ့ရ ကြောင်း၊ အပေါ်ယံကြည့်လျှင်ကား ပေါ့ဆ မီးပင်ဖြစ်ကြောင်း၊ နက်နဲစွာကြည့်လျှင်ကား ခိုးတတ်သော ဆိုင် ခန်းများခြင်းကြောင့် မီးလောင်ရခြင်းပင်ဖြစ်ကြောင်း ပေးသင့် သောအခွန်ကို ပြည့်စုံအောင်မပေးဘဲ အခွန်၀န်ထမ်းကို လာဘ်ထိုးခြင်း၊ ခွင့်မပြု တရားမ၀င် သော ဆေးဝါးများကို မှောင်ခို နည်းဖြင့် သယ်ယူရောင်းချခြင်းတို့သည် ခိုးယူခြင်းတစ်မျိုးပင် ဖြစ်ကြောင်း၊ ထို့အပြင် ဆေးရောင်းချရာ၌ ယူသင့်သော အမြတ်ငွေ ထက် ပိုတင်ပြီး အဆမတန်ယူခြင်းသည် ခိုးမှုဟုတိုက်ရိုက်မပြောနိုင်သော်လည်း၊ ရိုးသားမှုကားမဟုတ်တော့ကြောင်း၊ ရိုးသား မှုမပါပါက မတရားမှု၊ လိမ်လည်မှု၊ ခိုးယူမှု များကို သွယ်၀ို်က်၍ ကျူးလွန်ခြင်းတစ်မျိုး ပင် ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးပစ ္စည်းများ ကျပ်သိန်းပေါင်း(၇) ထောင်ကျော် မီးလောင် ပျက်စီးခံရသော ဆေးကုန်သည်ကြီး တစ်ဦးက ဆရာတော်ရဲ့ ဒကာတစ်ဦးထံ ယခုလိုဖွင့်ဟ၀န်ခံခဲ့ဖူးကြောင်း။ မတရား သောနည်းနဲ့ရတဲ့ပစ္စည်း ဥစ္စာတွေဟာ မတရားသောနည်းနဲ့ပြန်ကုန်တယ်ဆိုတာအမှန်ပါပဲ။ မြန်မာပြည်မှာ အပူလှိုင်းဖြတ်တဲ့ ရက်တွေအတွင်းမှာ ကျွန်တော်တို့ ဆေးကုန် သည်အ များစုဟာ လက်ဝါးချင်းရိုက်ပြီး တစ်ရာလောက်သာတန်တဲ့ ဓာတ်ဆား ထုတ်လေးတွကို ကျပ်(၄၅၀)၊(၅၀၀) လောက်အထိတင်ရောင်းခဲ့ကြတယ်။ ကျွန်တော်မတရားသောနည်းနဲ့ ဘယ်သောအခါမှပိုက်ဆံမရှာတော့ဘူးဟူ သတည်း။

နောက်တစ်ခုက မြန်မာပြည်၌ ခိုးမှု အများဆုံး ကျူးလွန်သောပစ္စည်းမှာ စက်သုံး ဆီဖြစ်ကြောင်း၊ မြန်မာပြည်ရှိ အထင်ကရလမ်းမကြီးတစ်ခုဖောက်လုပ်ရာ၌ စက်သုံး ဆီများကို ကားအစီးအလိုက ်စာရင်းလိမ်၍ ခိုးယူသည်ဟုသိရကြောင်း(ဆီဘောင်ဆာ) လိုက်ရောင်းတာကတော့ ကိုဘအေးတို့ ကိုယ်တွေ့ပါ။

ကိုဘအေးတို့က တစ်နှစ်တစ်ခါဝါဇီစက်ရုံမှာဘွဲ့တံဆိပ်တွေသွားထုတ်ရပါတယ်။TEကားကြီးနဲ့ရန်ကုန်ကနေခါလီတက်လာပြီးတော့ပြန်ရောက်တော့လမ်းမှာ စားဖို့ သောက်ဖို့လေးရအောင် မကွေးတို့ချောက် တို့အထိရမယ့် ကုန်လေးရှာတင်သွားရအောင်ဆိုပြီးတော့ ယာဉ်မောင်းရဲ့အသိရှိတဲ့ ပြည်မြို့ရှောင်လမ်းက အပြင် စက်သုံး ဆီ၀ယ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ၀င်ပါ တယ်။ အဲဒီမှာ အစိမ်းပုတ်ရောင်ဘောင်ဆာ အစီးလိုက်ချနေတာကို တွေ့ခဲ့ရတာပါ။

တစ်ကမ်ဘာလုံးရဲ့စံချိန်မှာတစ်ဂါလန် လျှင်(၆)ပုလင်းဖြစ်သော်လည်းမြန်မာပြည်မှာတစ်ဂါလန်လျှင်(၅)ပုလင်းဖြစ်နေသည်မှာကြာပြီဟုဆိုပါတယ်။ ပြီးတော့ စက်သုံး ဆီများကို ကားအစီးလိုက်၀ယ်တဲ့အခါ အထူးသတိထားသင့်တဲ့ အချက်တစ်ချက် ရှိကြောင်း၊တစ်စီးလျှင် အနည်းဆုံး ဂါလန်(၁၆၀၀)ခန့်ဆန့်တဲ့ ဆီကား တစ်ကားကို ဆီဂါလန်ပြည့်မပြည့် ကားအပေါ်ပိုင်းကအဖုံးကိုဖွင့်ကြည့်လေ့ရှိကြကြောင်း၊အဖုံးဖွင့်ကြည့်လို့ဆီအပြည့်ပါတာကိုတွေ့ရမှာဖြစ် ပေမယ့် ဆီကန်ထဲထည့်ပြီးတဲ့အခါချိန်ကြည့်ပါကဂါလန်(၅၀)ခန့်လျော့နေတာတွေ့ရမှာ ဖြစ်ကြောင်း၊အဘယ်ကြောင့်နည်း။ ဆီထည့်ယူလာသောတိုင်ကီကြီးထဲတွင် ခြောက်လက်မအကျယ်ရှိမိုးကာပိုက်ကြီးကိုအခွေလိုက်ထည့်ထားသောကြောင့်ပေတည်း။တိုင်ကီကြီးထဲမှဆီများကိုအကုန်ဖောက်ချပေး ပြီးဖြစ်သော်လည်း ခြောက်လက်မမိုးကာပိုက်ခွေကြီးထဲတွင် ဆီဂါလန်ငါးဆယ်ခန့် ကျန်နေတတ်သောကြောင့် ဖြစ်ကြောင်း တွေ့ရပါတယ်။ဆရာတော်က အနှိုက်နှိုက် ချွတ်ချွတ် လေ့လာထားတာ ဖြစ်ပါတယ်။

ကိုဘအေးသဘောကျတာလေးတစ်ခု ဆက်လက်၍ ဖောက်သည်ချပါဦးမယ်။ တစ်ခါကလည်းတံတားကြီးတစ်စင်းဆောက်ရာတွင်ကိုရီးယားအင်ဂျင်နီယာ များကလာရောက်ကြီးကြပ်ဆောက်လုပ်ကြကြောင်း မြန်မာ ကားသမားအချို့ ဆီခိုးတတ်တာကို ကြားဖူး ထားတဲ့ ကိုရီးယားများက မြေသယ်သော ကားကြီး ဆယ်စင်းကို ကိုယ်တိုင်မြေတင်၊ ဆီထည့်ပြီး၊ နာရီတွက်ကာ မောင်းကြည့်ကြ ကြောင်း၊ ဆယ်ဂါလန်ဆိုလျှင် တစ်ရက်ကို အခေါက်ငါးဆယ် ရတာတွေ့သွား ကြောင်း၊ ဒါန့့ဲမြန်မာကားသမားများ လုပ်ငန်းစဆင်း တဲ့နေ့မှာပင် ကိုရီးယားများက ကားတစ်စီး ကို ဆယ်ဂါလန်ထုတ်ပေးပြီးအခေါက် ငါးဆယ်ပြည့်အောင် မောင်းပေးဖို့အခေါက်ငါးဆယ်ပြည့်လို့မှပိုလျှင် ဆီများကို အပြင်တွင်ရောင်းစားခွင့်ဗြောင်ခွင့်ပေးလိုက်တယ်။
အခေါက်ငါးဆယ်ပြည့်ပါက ကားတွင် ဆီမကျန်တော့ကြောင်း ကိုယ်တိုင်သိထား၍ အခုလိုခွင့်ပြုကြခြင်းဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာကားသမားများဟာ ကိုရီးယားမျာ းမှာထားတဲ့အတိုင်း အခေါက်ငါးဆယ်စီ လည်း ပြည့်အောင်မောင်းပေးကြကြောင်း နေ့စဉ်လည်းဆီများကို ပေပါလိုက်ရောင်း စားနေကြကြောင်း ကိုရီးယားများ မျက်စိ လည်သွားပြီဖြစ်ပါတယ်။ ဘယ်လိုမှ စဉ်းစားလို့မရအောင် ဖြစ်သွားကြကြောင်း နောက်ဆုံးဘယ်လို်မှ ဉာဏ်မမီနိုင်တော့ တဲ့အတွက် မြန်မာကားသမားများ မြေသယ် ရာသို့ ကိုယ်တိုင်လာကြည့်ကြရကြောင်း၊ ဒီမှာပဲ မြန်မာတို့ရဲ့ဆီပိုအောင်လုပ်နည်းကို လက်တွေ့မြင်ကြရတော့ကြောင်း၊ မြေသယ်ကားဆယ်စီးကို ရှေ့ငါးစီး၊ နောက် ငါးစီး ညီညီညာညာရပ်ပြီး မြေများအထည့် ခံကြကြောင်း၊ ဆယ်စီးလုံး မြေများပြည့် သည်နှင့် ရှေ့ငါးစီးကို စက်နှိုး ပြီး နောက်ငါး စီးကို စက်မနှိုးတော့ဘဲ ကြိုးနှင့်ဆွဲ သွားကြ ကြောင်း၊ ထို့ကြောင့်လည်း ကားငါးစီးကို စက်မနှိုးတော့ဘဲ ကြိုးနှင့်ဆွဲသွားကြ ကြောင်း၊ ထိုကြောင့် လည်း ကားငါးစီးစာ ဆီများနေ့စဉ်ပိုနေခြင်းဖြစ်ကြောင်း၊ ကိုရီးယားများသည် မြန်မာကားသမားများ စက်ဆီပိုအောင်လုပ်နည်း ဖော်မြူလာကို ကိုရီးယားအ ထိအပါယူသွားကြပါတယ်။

အဲဒါမျိုးနဲ့ဆင်တူတဲ့ အဖြစ်ကလေး တစ်ခုကိုလည်း ဆက်လက် တင်ပြချင်ပါတယ်။ လူတွေတော့မဟုတ်ပါ။ တစ်ခါက ရန်ကုန်သာသနာ့တက္ကသိုလ်မှာသံဃာ တော်တွေအတွက် ချက်ဖို့ထားတဲ့ ဘဲဥ အလုံးတစ်ရာကျော်ဟာ တစ်ညတည်း ခြေရာလက်ရာမပျက်ဘဲ ပျောက်သွားတဲ့ အတွက် စားဖိုမှုးကြီး တော်တော်ကို ဦးနှောက်ချောက်သွားကြောင်း၊ လူလာခိုး တာဆိုလျှင် ၀င်ရာထွက်ရာတွေ့ရမည်၊ယခုကားမတွေ့ကြောင်း၊တိရစ္ဆာန်တစ်ကောင်ကောင်ခိုးစားလျှင် လည်းကွဲရာရှရာတော့ တွေ့ရမည်။ဤကဲ့သို့လည်းမတွေ့ရကြောင်း၊ နောက်ဆုံးကိုယ်တိုင်သိခွင့်ရအောင် နောက်ထပ်ကြက်ဥတစ်ရာ၀ယ်ပြီး ယခင် နေရာ မှာပင်ထားလိုက်ကြောင်း၊ မီးမှိန်မှိန် ထဲတွင် ခြင်ထောင်ထောင်ကာ တစ်ည လုံးချောင်းကြည့်နေကြောင်း၊ ညသန်း ခေါင်လောက်တွင် လူမဟုတ်သော သူခိုး များကို တွေ့ရလေပြီ။ မြေကြွက်ကြီးအ ကောင်ခြောက်ဆယ်ခန့်၀င်လာသည်ကိုတွေ့ရသည်။ တရားခံတော့တွေ့လေပြီ။

သို့သော် ဘဲဥတွေကို မကွဲမရှအောင် ဘယ်လိုများ သယ်ပါလိမ့်ဟု စဉ်းစား နေဆဲမှာပင် ကြွက် အကောင်သုံးဆယ်က ဘဲဥတွေရှေ့နားတွင် ပက်လက်လှန်လိုက် သည်ကို တွေ့ရသည်။ ပြီးလျှင် ဘဲဥတစ်လုံး စီကို သူတို့၏ ၀မ်းဗိုက် ပေါ်သို့ ဖြည်းညင်း စွာတင်ကြသည်။ ကျန် အကောင် သုံးဆယ်က ကြက်ဥများ ဗိုက်ပေါ်တင်ကာ ပက်လက်လှန်နေသော ကြွက်များ၏ အမြှီးတို့အားကိုက်ဆွဲယူသွား ကြသည်ကို တွေ့ရ လေသည်။ ဘဲဥတွေကို မကွဲအောင်ခိုးယူ တတ်သော အာဂကြွက် များပေတကား။ သူတို့၏ တွင်းထဲသို့လိုက် တူးကြည့်သော အခါ မနေ့ညက ခိုးထား သော ဘဲဥအလုံး တစ်ရာကို ပြန်တွေ့ ကြရသည်။ဤကြွက်တွေကို ဘဲဥမကွဲအောင် ခိုးယူ နည်း မည်သူကများ သင်ပေးလေ သနည်း။ မည်သူကမှ သင်ပေးမည် မဟုတ်ပါ။ ထိုကြွက်များသည် ခိုးတတ်သော ၀န်ထမ်း များသေပြီး ကြွက်ဘ၀သို့ ရောက်သွား ခြင်းဖြစ်ပါလိမ့်မည်။ လူ့ဘ၀မှခိုးတတ်သော အလေ့အထသည်ဘ၀အထိလိုက်လာခဲ့ပေသည်တကား။

(ကိုဘအေးထင်တာတော့ စောစောက မြေသယ်ကားသမားတွေ သေပြီးကြွက်ဖြစ်သွားတာ ဖြစ်လိမ့်မယ်)။ ဆရာတော် မေတ္တာရှင်(ရွေှပြည်သာ)သည် ကိုယ့်နိုင်ငံသားတွေကို ရိုးသားဖြောင့်မတ် စေချင်သည်။ သီလစင်ကြယ်စေချင်သည်။ သီလစောင့်၍ အူမတောင့်စေချင်သည်။ ဆရာတော်ကိုယ်တိုင်သည် သနားတတ်ပြီး ကူညီတတ်တဲ့အတွက် အလိမ်ခံရပေါင်း မနည်းကြောင်း၊ စာရိတ္တကောင်းတဲ့အတွက် ကြီးပွားချမ်းသာသွားကြပုံတွေ၊ နိုင်ငံ တကာက အဖြစ် အပျက်လေးတွေ၊ ကိုယ့်ရဲ့ ဒကာဒကာမတွေအကြောင်းတွေ ဘုရား ဟောဇာတ်နိပါတ်တွေထဲက ဃောသကသူဌေးသားတို့၊သမာ၀တီမိဖုရားတို့၊ ဥတေန မင်းတို့စတဲ့ဇာတ်ကြောင်းတွေနဲ့ သာဓက တွေအများကြီးပြပြီး ရေးထားတဲ့ စာအုပ် လေးဖြစ်ပါတယ်။ ကိုဘအေးက အမြည်း မျှသာတင်ပြထားတာ ဖြစ်ပါ တယ်။ သူတစ်ပါးကိုမကြည်ညိုရင်ကုသိုလ်မရရုံဘဲရှိမယ်။ ကိုယ့်ကိုယ်ကိုယ်မကြည်ညိုရင် အပယ် ကျတတ်တယ်။ အကြောင်းကားသူတစ်ပါးကို လိမ်ညာ ၍ ရသော်လည်း မိမိကိုယ်မိမိလိမ်ညာ၍ မရ သောကြောင့်တည်းဆိုတဲ့ ဆရာတော်ရဲ့ စာအုပ်တွေထဲက ဒဿနလေးကို အဆုံး သတ်အဖြစ် တင်ပြလိုက်ရ ပါကြောင်း။

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။