ခုတစ်လော အပျင်းထူပြီး ကျွန်မ စာမရေးတာ အတော်ကြာပါပြီ။ စိတ်ထဲမှာ ရေးစရာတွေ တစ်ပုံတစ်ခေါင်းကြီး ရှိပေမယ့် အပြင် မထုတ်ချင်တာလည်း ပါပါတယ်။ ဒါပေမယ့် တချို့အကြောင်းအရာတွေက ရင်ထဲမှာ သိမ်းထားမိရင် မသိမမြင် မကြုံဖူးတဲ့သူတွေရှိနေကြမယ့်သူတွေအတွက် ရေး သားလိုက်ရခြင်းဖြစ်ပါတယ်။

လူဆိုတာ အပြစ်အနာ အဆာ ကင်းနိုင် ကြတာမှ မဟုတ်တာ။ လူတိုင်းမှာ ကောင်း ကွက်လေးတွေ ရှိသလို ဆိုးကွက်တွေလည်း ရှိကြမှာပါ။ အဆိုးအကောင်းဆိုတာ အမြဲ ဒွန်တွဲလေ့ရှိပါတယ်။ တစ်ခါတလေ တစ်ဖက်သတ် အမြင်နဲ့ ဆုံးဖြတ်တတ်ကြတဲ့ လူတွေလည်း သင် တွေ့ဖူးချင် တွေ့ဖူး မှာပါ။ အဲလိုအချိန်ကျရင် သင့်စိတ်ထဲ ဘယ် လိုခံစားမိပါသလဲ။ လူတွေစိတ်ကလည်း တစ်မျိုးပဲနော်။ လူတစ်ယောက်ကို မကောင်းမြင်ပြီ ဆိုရင် ဒီလူတစ်ယောက် ဘယ်လောက်ပဲ လုပ်ပေးခဲ့၊ လုပ်ပေးခဲ့ အကောင်း မမြင်တော့ဘူး။ ဘာတွေ ဘယ် လိုပဲ အမြင် ကြည်လင်အောင် ဆောင်ရွက် ပေးပေး ဒီလူကို မျက်စိဒေါင့်ထောက်ကြည့် ပြီး ဟိုဟာ အပြစ်မြင် ဒီဟာအပြစ် မြင်တတ် တဲ့ လူတွေကိုကော တွေ့ခဲ့ဖူးပါသလား။ အဲ ကောင်းတာမြင်တဲ့ သူကျတော့လည်း ဘယ် လောက်ပဲ အခွင့်အရေးတွေ လိမ့်ယူပါစေ အပေါ်ယံအပြောလေးတွေကြောင့် အပြစ် မမြင်ကြတော့ ပြန်ဘူး။ ဒီလို လူမျိုးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ပေါ် ကောင်း တဲ့သူ မြဲနေနိုင်ပါ့မလား ဆိုတာ သင် ပြော နိုင်မလား။ ဘယ်လို မြင်ပါသလဲ။

ကိုယ်ကရော အားလုံးအပေါ် မျှတမှု ရှိရဲ့လား။ ဖိနှိပ်ချင်တဲ့သူကျတော့ အခွင့် အရေးအတူတူ ယူတာချင်းသူတွေမှာ ဘာ ကြောင့် ကိုယ်အမြင်မကြည်လင်တဲ့သူမှ ပိုပြီး မကောင်း မြင်ရတာလည်းဆိုတာ နား မလည်နိုင်တော့ဘူး။ ဒါဆိုရင်တော့ ဒီလို လူမျိုးတွေဟာ အကောင်းအဆိုးကို တကယ်ပဲ မခွဲခြားနိုင်တဲ့သူတွေ ဖြစ်နေ ပါသလား။ ကိုယ့်စိတ်မှာ အကောင်းအဆိုး မေ၀ခွဲနိုင်သူတွေဖြစ်တဲ့ အတွက် ကိုယ့် အသိုက်အ၀န်းနဲ့ ပတ်၀န်းကျင်ကို မကွဲကွဲ အောင် အမြဲခွဲနေတဲ့သူတွေ ဖြစ်နေတတ် ပြန်တယ်။ ဒီလို၀န်းကျင်မှာ နေတဲ့သူတွေ ကရော တဖြည်းဖြည်းနဲ့ ရှေ့တစ်မျိုး ကွယ် ရာတစ်မျိုးလုပ်တဲ့သူတွေပဲ တိုးပွား လာနိုင် တာပေါ့။ ပွင့်လင်းမှုမရှိတဲ့ သူတစ်ယောက် ဟာ ညှိနှိုင်းရေးအမြင်လည်း မရှိနိုင်ဘူးလေ။ ကိုယ့်အမြင်နဲ့ အထင်ကို ထုတ်ဖော်ဖို့ မလို ဘူးဆိုတဲ့ စိတ်ဓာတ်တွေကြောင့် သူတစ်ပါး က ကိုယ့်အပေါ်မှာ ဘယ်လိုမှ ထင်မြင်သုံး သပ်ချင်တော့မှာလည်း မဟုတ်ဘူး။ ဒီလို အနေအထားနဲ့ ကိုယ့်၀န်းကျင်မှာ ထိန်းချုပ် ထားခဲ့မယ် ဆိုရင် နောင်အနာဂတ်မှာ အောင်မြင်မယ့်သူ ဖြစ်လာနိုင်ပါသလားဆိုတာ………… ဟုတ်ပြီ သင်ကော ဒီလိုလူ မျိုးဟာ ဘယ်လိုလူမျိုးဖြစ်နိုင်ပါသလဲဆိုတာ ပြောကြည့်ပေးပါဦး။ လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့ စကား လုံးတစ်ခုကတော့ ကြီးသူကို ရိုသေ၊ ရွယ် သူကိုလေးစား၊ ငယ်သူကို သနားတဲ့ ဟုတ် ပါတယ်နော်။ ဒီလိုပဲ နှိမ့်ချတတ်မှုဆိုတာ ပေါင်းသင်းဆက် ဆံတဲ့အခါ ထိပ်တိုက် ဖြစ် အောင် ရင်မဆိုင် ဖို့လည်း လိုပါတယ်။

ဥပမာ ကိုယ့်လောက် စိတ်သဘောထား မပြည့်၀တဲ့သူနဲ့တွေ့တဲ့ အခါမှာ ဖြစ်နိုင်ရင် ရှောင်သွားဖို့၊ မရှောင်နိုင်ရင်လည်း ယဉ် ယဉ်ကျေးကျေးပဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး လျှော့ပေးဖို့။ နောင် ဒီလိုလူမျိုးနဲ့ မတွေ့ အောင် တတ်နိုင်သရွှေ့ ရှောင်ဖို့ပဲ ဖြစ် ပါတယ်။ ကားမောင်းတဲ့အခါ ကိုယ်က လမ်း မှန်အတိုင်း သွားနေပေမယ့် ကိုယ့်လမ်း ကြောင်းထဲမှာပြီး ထိပ်တိုက် မောင်းလာတဲ့ ကားကို ရှောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ မရှောင် ရင် တိုက်မိပြီး ဒဏ်ရာအနာတရဖြစ်မှာပေါ့ ဟုတ်ဘူးလားနော်။ အလားတူပဲ အရက်မူး နေတဲ့လူ၊ ခေါင်းမကောင်းတဲ့လူနဲ့တွေ့ရင် သွားပြီး စကားများ ရန်ဖြစ်လို့ အလကား ပါပဲ။ ကိုယ်က ဦးအောင်ရှောင်သွားမှ တော် မယ် ဒါဟာ ကြောက်စိတ်ရှိလို့ မဟုတ်ဘူး နော်။ ဒီလိုပဲ လူမျိုးစုံနဲ့ ပေါင်းသင်း ဆက်ဆံ တဲ့အခါမှာ အရက်မူးသမားလို၊ အရူးလို သိသိသာသာကြီး မူမမှန်တဲ့ လူတွေနဲ့ တွေ့ရမှာထက် ပညာ ဘယ်လောက်တတ် တတ် စိတ်ဓာတ်မပြည့်၀တဲ့လူမျိုးနဲ့ တွေ့ ရမှာက ပိုများပါတယ်။ အဲဒီမှာလည်း ပညာ တတ် ဆိုတဲ့နေရာမှာ ကျောင်း၊ တက္ကသိုလ် အောင်တာကို အဓိက ပြောတာ မဟုတ် ပါဘူး။ အတွေ့အကြုံနဲ့ စိတ်ဓာတ်ပြည့်၀မှု၊ အထက်စီးနဲ့ အမိန့်ပေးပေါင်းသင်း ဆက်ဆံ တာမျိုး မလုပ်တာလို့ ကျွန်မ ယူဆမိပါ တယ်။ ကိစ္စတစ်ရပ်ကို ကိုယ်က အပြည့်အစုံ မသိဘဲနဲ့ လက်အောက်ငယ်သားတွေကို ဆူပူ ကြိမ်းမောင်းပြီး ခိုင်းတာ မျိုးကိုလည်း ကျွန်မ မကြာခဏ တွေ့မြင်ဖူးပါတယ်။

ဒါကြောင့် နေရာတိုင်းမှာ နှိမ့်ချ ပေါင်း သင်းလို့ မဖြစ်နိုင်ပါဘူးလို့ ကျွန်မ တွေး ကြည့်မိပါတယ်။ ဒီလိုဘဲ ဖြစ်လည်း မဖြစ် သင့်ပါဘူး။ ကိုယ် မှန်ကန်တယ်လို့ ယူဆရ မိရင်လည်း ဒါကို လျှော့မပေးသင့်ပါဘူး။ တစ်ခါတစ်ရံ လူတွေဟာ ကိုယ်စီးတဲ့ မြင်း အထီးလား အမလား ခွဲခြားမသိသလိုပါပဲ၊ စကားပြောတဲ့အခါမှာလည်း ပြောသင့်၊ မပြောသင့် မစဉ်းစားဘဲ လူတစ်ဖက်သားကို နင်ပဲငါဆ မပြောသင့် မပြောအပ်ပါဘူးလို့ ကျွန်မရဲ့ စိတ်အတွေးက လက်ခံယူဆနေ မိပါတယ်။ ဒါဟာ ပညာတတ်တွေရဲ့ အလုပ် မဟုတ်ပါဘူး။ နည်းနည်းလေး စဉ်းစား တတ်ရင်ပေါ့လေ…..